ခဲ့အာတစ်ယောက် ရှီရှန်း ကိုသနားမိတဲ့မျက်ဝန်းတွေနဲ့ကြည့်မိတယ်
'သူမ မှာသာမိသားစုအရင်းရှိနေသေးရင် ဒီရွေးကောက်ပွဲကိုဝင်လို့ရမှာပဲ,ဘယ်လောက်ပဲသွေးသန့်မျိုးနွယ်ဖြစ်နေပါစေ မိသားစုအရင်းမရှိပဲအာဏာနဲ့ထီးနန်းကိုမရနိုင်ဘူး"

"ရွေ့ရီရော ရွေးပွဲကိုတက်မှာလား"
ရှီရှန်း ကတိုက်ရိုက်ပြန်မဖြေဘဲခေါင်းစဉ်လွှဲလိုက်တယ်

"ဟင့်အင်း"ခဲ့အာက စားပွဲရဲ့အခြားတစ်ဖက်ကိုလျှောက်သွားပြီးပြောတယ်
"ထီးနန်းကိုထိန်းချုပ်နိုင်ဖို့ဒီလောက်မလွယ်ဘူး"

'ဒါပေါ့ဘုရင်တစ်ယောက်ဖြစ်ဖို့ဆိုတာလည်းလွယ်တာမှမဟုတ်ပဲ'

ရှီရှန်း ကခဲ့အာနဲ့စကားစမြည်ပြောပြီးတော့သူမအခန်းထဲကို
ပြန်သွားတယ်

သူမဝင်သွားတာနဲ့အခန်းထဲမှာဖဲကြိုးတွေချည်ထားတာကိုတွေ့ရတယ် ပြီးတော့အဝတ်တွေ, ဂါဝန်တွေလည်းအပြည့်ပဲ

'ဟင်, ဘာတွေလဲ'

"အရှင်သမီးရောက်လာပြီလား"
အဝတ်တွေကိုစီနေတဲ့အစေခံက သူမဝင်လာတာမြင်တော့နှုတ်ဆက်တယ်

"ဒီဂါဝန်တွေက...."

အစေခံကပြုံးပြီးတော့ဖြေတယ်
"အရှင့်သားရွေ့ရီကကျွန်မတို့ကိုဒါတွေစီထည့်ခိုင်းတာပါ,သူကလတိုင်းအရှင့်သမီးအတွက်ဖက်ရှင်းပေါင်းစုံချုပ်ခိုင်းတယ်"

ရှီရှန်း "......"
'ဒီဝတ်စုံသရဲကတော့,သူလုပ်တာနဲ့အခန်းထဲခြေတောင်ချလို့ရမှာမဟုတ်တော့ဘူး'

"အဲ့တာတွေကိုစီစရာမလိုဘူး,အဝေးကိုယူသွားပြီးတော့ ငါအခုဝတ်ထားတာမျိုးတွေသာများများယူလာပေး"

ရှီရှန်း ကဒီဝတ်စုံတွေကိုစိတ်မဝင်စားဘူး သူမကိုယ်တိုင်လည်းဒီလိုမျိုးပန်းရောင်ဂါဝန်ရှည်တွေဝတ်ရမှာမကြိုက်ဘူး သူတို့ကတိုက်ခိုက်တဲ့အခါအနှောက်အယှက်ဖြစ်တယ်

အစေခံကဘာမှမပြောဘဲအဝတ်တွေကို သိမ်းလိုက်တယ် သူတို့ကိုလွှင့်ပစ်ရမယ့်အစားဘေးနားကစတိုခန်းထဲထည့်လိုက်တယ်

ရှီရှန်း "......"
စတိုခန်းထဲမှာအဝတ်တြွေပည့်နေတယ်
သူမသာအဲ့အထဲကအဝတ်တွေကိုရောင်းဖို့အွန်လိုင်းမှာဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင်
နှစ်တွေအတော်ကြာကြာကိုရောင်းယူရလိမ့်မယ်
..........

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now