ရှီရင်းကသူမကိုလွှတ်ပေးလိုက်ပြီးသူ့သွေးတွေကိုပြန်မျိုချလိုက်တယ်သူ သူမရှေ့ကိုတိုးသွားပေမယ့်ရှီရှန်းကနောက်ကိုဆုတ်သွားပြီးသူမမျက်လုံးထဲမှာစိတ်နာမှုတြွေပည့်နေတယ်

ရှီရင်းက ရုတ်တရပ်သူ့နှလုံးသားကိုတစ်ခုခုထိုးနှက်လိုက်သလိုခံစားရတယ် မမြင်နိုင်တဲ့လက်တစ်စုံကသူ့နှလုံးသားကိုလာညှစ်ထားသလိုအသက်ရှုရခက်ခဲသွားတယ်

"ကိုယ်မင်းကို မသောက်ခိုင်းတော့ပါဘူး"သူ့ရဲ့စကားကပျော့ပျောင်းသွားတာကိုသူသတိထားမိတယ်

ရှီရင်းက တစ်ခုခုကိုသတိရသွားသလိုသူ့ကိုစိုက်ကြည့်လိုက်တယ် ဒါပေမဲ့တစ်ဖြည်းဖြည်းနဲ့သူမ မျက်ဝန်းထဲကနာကြည့်မှုကပြေလျော့သွားတယ်

ရှီရင်းက သူမကိုရင်ခွင်ထဲထည့်လိုက်ပြီးအိပ်ရာပေါ်ကိုချီသွားတယ် ရှီရှန်းကသူ့ရဲ့ရင်ဘတ်ပေါ်မှာလဲလျောင်းနေပြီးတော့သူမအသက်ရှူသံကဖြည်းညှင်းပြီးညင်သာနေတယ် သူမအသက်ရှူရပ်သွားသလားတောင်ထင်ရမယ်

ရှီရင်းက သူ့လက်နဲ့ရှီရှန်းနှာခေါင်းနားတည့်ကြည့်ပြီးအသက်ရှူနေသေးလာစမ်းကြည့်တယ် အခုဆိုရှီရှန်းရဲ့စိတ်ကရှုပ်ထွေးနေပြီးလူသတ်ချင်စိတ်ပါပေါက်နေတယ် ဒါပေမဲ့သူမသူ့ကိုအနာတရဖြစ်အောင်မလုပ်ရက်ဘူး
သူမသူ့ကိုနောက်တစ်ကြိမ်ထပ်ပြီးသည်းခံလိုက်တယ်

သူမရဲ့လက်တွေကရှီရင်းရဲ့အင်္ကျီကော်လာကိုတင်းကြပ်စွာဆုပ်ကိုင်ထားတယ်
'ဒါနောက်ဆုံးတစ်ကြိမ်ပဲ,နောက်ဆုံးတစ်ခေါက်ပဲ,နောက်တစ်ခါထပ်မဖြစ်တော့ပါဘူး'

"ကိုယ်တောင်းပန်ပါတယ်"ရှီရင်းက သူမအပြုအမူတွေအဲ့လောက်ပြင်းထန်မယ်လို့မထင်ထားဘူး

ရှီရင်းက သူမဆုပ်ကိုင်ထားတာကိုလွှတ်ပေးလိုက်တယ်
ဘာမှတော့ပြန်မဖြေဘူး

အခန်းကတိတ်ဆိတ်သွားတယ်
သူမနိုးနေလားအိပ်နေလား သူ မသိပေမဲ့ဒီပုံစံအတိုင်းမိုးလင်းတဲ့အထိနေပေးတယ်

အဖြူရောင်အိပ်ရာခင်းတွေကသွေးတွေနဲ့နီရဲနေတယ်သူ့ရဲ့လက်ကအနာကလည်းအခုဆိုပြန်ကောင်းသွားပြီ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now