Arc 10.5

3K 500 2
                                    

ရှပ်!...ရှပ်!..
လှေကားအောက်နားကနေခြေလှမ်းလာတဲ့အသံတွေကိုကြားနေရတယ် ရှီရင်းကခေါင်းမော့ပြီးလာတဲ့သူကိုကြည့်လိုက်တယ်
မိန်းကလေးတစ်ယောက်လှေကားပေါ်ပြေးတက်လာပြီးပါးတွေရဲနေတယ်

'သူမ မဟုတ်ဘူးလား'

လျန်ကော ရှီရင်းနဲ့အကြည့်ချင်းဆုံသွားတဲ့အခါသူမတော်တော်အံသြသွားတယ်'အတော်ကိုကြည့်ကောင်းတဲ့လူပါလား,ဒါပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးထားတာစောင်ပဲရှိတယ်'

သူမစီနီယာမီနိုင်းလုပ်ခိုင်းထားတာကိုတွေးမိတဲ့အခါမှာလျန်ကောမျက်နှာတွေရဲလာတယ်သူမခေါင်းကိုငုံ့ပြီးပေးစရာရှိတာပေးလိုက်တယ်'' ဟို...စီနီယာမီနိုင်းကအဝတ်တွေလာပို့ခိုင်းထားလို့''

ရှီရင်းကသူမကိုင်ထားတဲ့အိတ်ကိုကြည့်လိုက်တယ်'သူပြောတဲ့မီနိုင်းဆိုတာ ဟိုမိန်းကလေးလား'

လျန်ကောကအိတ်ကိုသေသေချာချာပေးပြီးတော့ပြောတယ်''ခွင့်ပြုပါဦး....ကျွန်မအရင်သွားနှင့်မယ်နော် ပြီးတော့စီနီယာမီနိုင်းကိုလည်း ဒီနေ့အတွက်ခွင့်တိုင်ပေးမယ်လို့ပြောပေးပါအုံး''

လျန်ကောကပြောလို့ပြီးသွားတာနဲ့အောက်ထပ်ကိုမျက်နှာကြီးနီရဲပြီးဆင်သွားတယ် ရှီရင်းကအိတ်ထဲကအဝတ်တွေကိုကြည်လိုက်တယ်
အကုန်လုံးက brand တစ်ခုတည်းကပဲ

သူအခန်းထဲကိုပြန်ဝင်လာတော့ ပြတင်းပေါက်ကနေခုန်ဝင်လာတဲ့မိန်းကလေးကိုမြင်လိုက်တယ် သူမကသူ့ကိုကြည့်ပြီးတော့အေးအေးဆေးဆေးစကားပြောတယ်''ရှင်နိုးလာပြီပဲ, အဝတ်အစားတွေရပြီလား''

''မင်းငါ့ကိုအဝတ်အစားလဲပေးထားတာလား'' သူအိတ်ကိုတင်းတင်းကိုင်ထားပြီးမေးကြည့်တယ်

''ဘယ်သူရှိဦးမှာတုန်း, ရှင့်ဘာသာရှင်အဝတ်လဲနိုင်မယ်လို့များထင်နေသေးတာလား''

''မင်းငါ့ကိုဘာလုပ်လိုက်တာလဲ''
'သူငါ့အဝတ်အစားတယ်ကိုလဲပြစ်တယ်ဆိုတော့ငါ့ခန္ဓာကိုယ်ကိုမြင်သွားမှာပဲ'

ရှီရှန်းရဲ့အကြည့်တွေကသူ့ခါးဆီရောက်သွားတယ်''အစကတော့တစ်ခုခု လုပ်ဦးမလို့ပါဘဲဒါပေမဲ့ရှင်ကအနားယူဖို့လိုနေသေးလို့''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now