ရှီရှန်းက မြစိမ်းရောင်ဓားကိုမကောင်းဆိုးဝါးတွေဆီကန်ပစ်လိုက်ပြီးအမိန့်ပေးတယ်

"ဒါပေါ့ဘောစ့်, ကျွန်တော်သူမကိုအပိုင်းပိုင်းဖြစ်အောင်ခုတ်ပစ်မယ်''ဓားကိုရလိုက်တဲ့ အာ့အာ့ က ပြုံးဖြီးနေတယ်

အခြားမကောင်းဆိုးဝါးတွေကသူမရဲ့ခြေထောက်ကိုဖြတ်ခိုင်းကြတယ် သူမရဲ့လက်ကောက်ဝတ်ကသွေးတွေအဆက်မပြတ်ထွက်နေတယ်

ယွဲ့ယောင်ကဒေါသတကြီးလှမ်းအော်တယ်'' ချင်းကွမ်း, နင်ငါ့ကိုအဲ့လိုလုပ်လို့မရဘူး''

ရှီရှန်းက သူမစကားတွေကိုလျစ်လျူရှုလိုက်တယ်''သတ်လိုက်''

'ငါဒီဟာမကိုတစ်စက္ကန့်တောင်ထပ်မမြင်ချင်ဘူး'

"ဟုတ်ပြီဘောစ့်''

"ချင်းကွမ်း နင်နောက်တရလိမ့်မယ်,နင်နဲ့သုန်းကျင်းရဲ့ဖူးစာကြိုးတွေကချည်ခံထားရတုန်းပဲ'' ယွဲ့ယောင်ကသူမရဲ့နောက်ဆုံးကဒ်ကိုထုတ်သုံးလိုက်တယ်

"မြန်မြန်သတ်''
'အဆိုးဆုံးကသေယုံပဲပေါ့ငါကဘာကိုကြောက်နေရမှာလဲ'

"ချင်းကွမ်း, ခွေးမ!!''

"ငါတို့ရဲ့ဘောစ့်ကိုများဆဲရဲတယ်ပေါ့, လျှာကိုအရင်ဖြတ်,ဘောစ့်ကိုများဆဲချင်သေးတယ်, မျက်လုံးတွေကိုထုတ်ပစ်''

"အားးး..,''

.....

ရှီရှန်းက သူတို့ယွဲ့ယောင်ကိုသတ်ပစ်တာကိုဆက်မကြည့်တော့ဘူး အဲ့အစားဂိတ်ကိုပဲပြန်လာလိုက်တယ်သုန်းကျင်းကအဲဒီမှာမတ်တပ်ရပ်နေတယ်

"မင်းတကယ်ပဲ,သူမကိုသတ်လိုက်တာလား''သုန်းကျင်းကမေးတယ်

'နတ်ဘုရားသတ်ဓားတဲ့လား,ငါဘာလို့ဒီနာမည်ကိုတစ်ခါမှမကြားဖူးရတာလဲ'

ရှီရှန်းက ယွဲ့ယောင်ကိုစဉ်းစားဖို့အချိန်မပေးတော့ဘဲနဲ့သူမရဲ့ဓားကိုတစ်ဟုန်ထိုး ထိုးသွင်းတော့တယ် ယွဲ့ယောင်ရဲ့ဓားက လေပြည်ခွင်းဓား လို့အဓိပ္ပါယ်ရတယ် အဲဒီအချိန်မှာပဲသူမရဲ့ဘေးပတ်ပတ်လည်မှာ ကောင်းကင်နဲ့မြေကြီးကိုပြောင်းပြန်လှန်ပစ်လို့ရလောက်တဲ့စွမ်းအင်တွေပေါ်လာတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now