ရှီရှန်းက ပြုံးစိစိနဲ့ပြောတယ်''အဲ့ဒါကြောင့်ရှင်ကျွန်မနောက်လိုက်လာတာပေါ့''

'ဒီကမ္ဘာရဲ့ဇာတ်လမ်းတွေက မူရင်းဇာတ်ကြောင်းထဲမှာမဖော်ပြထားတာတွေအများကြီးပဲ systemရေ နင်ငါ့ကိုအဲ့လောက်ခေါင်းမစားခိုင်းပါနဲ့လား,ငါလိုချင်တာဆိုလို့ထင်ပေါ်ကျော်ကြားပြီးတည်ငြိမ်ရင့်ကျက်တဲ့အလှလေးဖြစ်ချင်ရုံပါ'

"မဟုတ်ဘူးကိစ္စကတစ်ဝက်ပဲရှိသေးတယ်'' သုန်းကျင်းကခေါင်းခါတယ်

"အဲ့တော့ရှင်ပြောချင်တာက ရှင့်ရဲ့ဖူးစာကြိုးက ယွဲ့နင် ဆီကနေ ယွဲ့ယောင်ဆီကိုရောက်သွားတာပေါ့''

သုန်းကျင်းကခေါင်းငြိမ့်လိုက်တယ်
သူ့အဲ့အချိန်တုန်းကကောင်းကင်ဘုံကနေအလောတကြီးထွက်သွားခဲ့ရတာကြောင့် သူ့အတွက်အရေးမကြီးတဲ့ပစ္စည်းလေးကိုသတိရမနေတော့ဘူး

'သြော် သူမဆီမှာဖူးစာကြိုးနီရှိနေတာကြောင့်,သိနေတာနေမှာယွဲ့နင်ကသူမကိုနည်းနည်းပါးပါးပြောပြသွားမှာပေါ့

အဲ့ယွဲ့ယောင်မကငါ့ကိုသူ့အမေကြိုက်ဖူးတဲ့သူနဲ့ဖူးစာကြိုးချည်ပေးရဲတယ်သူ့အမေအုတ်ဂူထဲကနေထလာပြီးလာရိုက်မှာမကြောက်ဘူးလားမသိဘူး

အဲ့ဒါဆိုယွဲ့ယောင်ရဲ့အဖေကရောဘယ်သူလဲ ဇာတ်လမ်းကသူ့နာမည်တောင်မပြောဘဲနဲ့အဆုံးသတ်သွားတယ် စာရေးဆရာမေ့သွားတာလား'

"ငါမဟုတ်ဘူး'' သုန်းကျင်းကရှီရှန်းတွေးနေတာကိုသိတဲ့ပုံစံနဲ့အမြန်ဖြေတယ်

'ရှင်လို့လည်းမပြောပါဘူး,ဘယ်လိုဖြစ်နေတာတုန်း
အဲ့ဒါဆိုဇီဟွမ်များဖြစ်နေမလား,မဖြစ်နိုင်ပါဘူးအဖေတစ်ယောက်ကကိုယ့်သမီးကိုတော့မှတ်မိမှာပါ

ကျောက်စိမ်းဧကရာဇ် လား,သူ့ကိုကြည့်ရတာလည်းအဖေကသမီးကိုဂရုစိုက်တဲ့အပြုအမူမဟုတ်ပါဘူး,တစ်ခုခုကိုကြောက်နေတဲ့ပုံစံပါလေ,ဇာတ်လိုက်မရဲ့ဇာတ်ကြောင်းကတော်တော်ရှုပ်တာပဲ'

"မင်းသိထားရမှာက အဲ့အချိန်တုန်းကယွဲ့နင်နဲ့အနီးကပ်ဆုံးကမင်းအဖေပဲ ပြီးတော့မင်းအမေကငါ့ကိုဖုံးပေးထားတာကိုထောက်ရင်.....''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Onde histórias criam vida. Descubra agora