"ငါကဘာလို့လာလို့မရရမှာလဲ'
'ဒါကကောင်းကင်ဘုံဆိုပေမယ့်လည်း, အနှေးနဲ့အမြန်သုန်းကျင်းတိုက်ခိုက်တာကိုခံရမှာပဲလေ, နင်က ကပ်ဘေးကိုရှောင်နိုင်မယ်ထင်နေလား'

"ချင်းကွမ်း! အရမ်းတွေမာနကြီးမနေနဲ့,နင့်ကိုအရင်ကဘာမှမလုပ်နိုင်ဘူးဆိုတာက ရှေးဟောင်းနတ်ဘုရားဇီဟွမ် နေမကောင်းလို့ပဲ အခုသူကလုံးဝပြန်ကောင်းသွားပြီနင်ဘာလုပ်နိုင်သေးလဲ''

"အိုးး, လုံးဝပြန်ကောင်းသွားတယ်??''ရှီရှန်းက ပေါ့ပေါ့ပါးပါးပဲပြောပြီးတော့ခပ်လှောင်လှောင်ပြုံးလိုက်တယ်''ယွဲ့ယောင်ရော အသက်ရှိသေးရဲ့လား,နင်တို့တွေသူ့ကိုအသုံးချလိုက်တယ်ပေါ့,ဒါကတရားမျှတမှုတဲ့လား''

ကောင်းကင်ဘုံသားတွေရဲ့မျက်နှာကမသက်မသာဖြသ်သွားတယ်'သူမသိနေတာပဲ'

အချိန်အတော်ကြာမှလူအုပ်ထဲကတစ်ယောက်ကလှမ်းပြောတယ်''ဒါကပိုကောင်းဖို့အတွက်ပဲလေ''

"ဟမ့်, နားကြားကောင်းအောင်လာပြောမနေပါနဲ့,နင်တို့တွေကောင်းစားဖို့အတွက်သူမကိုအသုံးချခဲ့တာပဲလေ,လုပ်တာကလုပ်တာပဲ, ဝန်ခံရင်တောင်ငါမလှောင်ပါဘူး'' ရှီရှန်းက အေးစက်စွာပြောလိုက်တယ်

'သူတို့လုပ်ခဲ့တာတွေကိုဖုံးဖိဖို့အတွက်အကြောင်းပြချက်လာရှာနေတာပဲဘသူ့တို့ကအရမ်းအားနည်းလွန်းတယ်,အကယ်၍သာသူတို့မှာအင်အားရှိမယ်ဆိုရင်အခြားဘာမှအကြောင်းပြချက်ရှာစရာမလိုဘူး'

"ချင်းကွမ်း!,စကားလမ်းကြောင်းလာလွှဲမနေနဲ့,မင်းဘာကိစ္စဒီကိုလာရတာလဲ''ဇီဟွမ်ကမျက်နှာတည်နဲ့မေးတယ်

"ရှင်တကယ်ပြန်ကောင်းသွားပြီဆိုတာသေချာရဲ့လား, '' ဒီအသံလေးရဲ့နောက်ကွယ်မှာလျို့ဝှက်ချက်တွေပြည့်နေတယ်ဆိုတာလူတိုင်းခံစားမိကြတယ်

"မင်းဘာကိုဆိုလိုတာလဲ''ဇီဟွမ်ကရှီရှန်းကိုမျက်မှောက်ကြုတ်ပြီးကြည့်လိုက်တယ်
'ငါ,ငါရဲ့ကောင်းကင်ဘုံလက်နက်စွမ်းအားကိုသုံးလို့ရပြီလေ'

ရှီရှန်းရဲ့အပြုံးတွေကပိုပိုပြီးတော့တောက်ပလာပြီးတော့,သူမရဲ့တည်ငြိမ်တဲ့မျက်လုံးတွေကပိုပိုပြီးတော့လှည့်ဖျားမှုတွေနဲ့ပြည့်လာတယ်''အဲဒီရွှေရောင်အမှုန်လေးတွေကိုကုအဆိပ်လို့ခေါ်တယ်သူတို့တွေပူးပေါင်းသွားရင် ယင်ယန်အဆိပ်ဖြစ်တည်လာတယ်
"

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now