ယွဲ့ယောင်ကလျင်လျင်မြန်မြန်အတွေးတွေကိုဖျောက်ပစ်လိုက်တယ်'သူကငါ့ဆရာလေ, ငါဘယ်လိုဖြစ်ပြီးဒီလိုအတွေးတွေကိုတွေးမိရတာလဲ''

''ဆရာ''ယွဲ့ယောင်ရဲ့မျက်နှာကပန်းရောင်သန်းနေတယ်

ဇီဟွမ်က အသိပြန်ဝင်လာပြီးအကြည့်ကိုလွှဲလိုက်တယ်''ဆရာ နည်းလမ်းရှာပါ့မယ်, အနားယူလိုက်ပါဦး ''

''အင်း''ယွဲ့ယောင်ကနာနာခံခံနဲ့ခေါင်းကိုညိတ်လိုက်တယ်

ဇီဟွမ်လည်းခေါင်းညိတ်ပြပြီးတော့အပြင်ဘက်ကိုထွက်လာတော့ချန်းလန်နဲ့တွေ့တယ် လေထုကလေးလံသွားပြီးဘယ်တစ်စုံတစ်ယောက်ကမှဒါကိုမချိုးဖောက်နိုင်ဘူး

ယွဲ့ယောင်ရဲ့ချောင်းဟန့်သံကြားမှချန်းလန်ကဇီဟွမ်ကိုဖြတ်ပြီးတော့အခန်းထဲကိုဝင်သွားတယ်
.....

ကောင်းကင်ဘုံသားတွေကတော့အခုလောလောဆယ်မျှော်လင့်ချက်မဲ့နေကြတယ်

ကောင်းကင်ဘုံတစ်ခုလုံးကလည်းဖျက်ဆီးခံလိုက်ရပြီ, ရှီရှန်းကလည်းနေရာတိုင်းလိုလိုပေါ်လာနေပြီးတော့သုန်းကျင်းကလည်းမဟာကန္တာရမြို့တော်ကနေတပ်ကူတွေတောင်ခေါ်သေးတယ်

ရှီရှန်းကြောင့်ကောင်းကင်ဘုံလက်နက်ကိုထုတ်သုံးလို့မရတော့တဲ့ရှေးဟောင်းနတ်ဘုရားဇီဟွမ်ကပဲသူတို့မျှော်လင့်ချက်ဖြစ်နေတာကြောင့်အကုန်လုံးက ဇီဟွမ်ကိုကုဖို့ပဲပြင်နေကြတယ် ဒါပေမယ့်သူတို့အတော်ကြာကြာဆွေးနွေးပြီးတဲ့အထိအခွင်အရေးမရလာခဲ့ဘူး

''အဲ့အဆိပ်တွေကအရိုးထဲထိကိုစိမ့်ဝင်သွားပြီနဲ့တူတယ်ထွက်လာအောင်ဘယ်လိုမှလုပ်မရဘူး''

''ရှေးဟောင်းနတ်ဘုရားဇီဟွမ်, နာကျင်တာအပြင်အခြားဘာဖြစ်သေးလဲ''ကျောက်စိမ်းဧကရာဇ်ကစိုးရိမ်တစ်ကြီးမေးတယ်

''လှုံဆော်မှုကပိုပိုပြီးတော့ပြင်းထန်လာတယ်''ရှေးဟောင်းနတ်ဘုရားဇီဟွမ်ကခေါင်းကိုငုံ့လိုက်တယ်

''ဒါကပိုဆိုးလာတာမဟုတ်လား,ဘာလုပ်ကြမလဲ''

''ချင်းကွမ်းက ဘာတွေလုပ်လိုက်တာလဲ''

''ကောင်းကင်ဘုံမှာရောဘာတွေဖြစ်နေလဲ...''

''အာ....အဲ့တာဖြစ်မယ်ထင်တယ်,ကျွန်တော်ပြောသင့်လားမပြောသင့်လားမသိဘူး''ကောင်းကင်ဘုံသားတစ်ယောက်ကထုတ်ပြောတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now