"အဆင့်မြင့်နတ်ဘုရား မလုပ်နဲ့''ဒူးထောက်နေတဲ့ကောင်းကင်ဘုံသားလေးတွေကတုန်ရီနေကြတယ်

ခရက်ဒ်ဒ်.....!!!!

ရှီရှန်း ရဲ့ဓားချက်ကြောင့်သုံးဘဝကျောက်တုံးကအလယ်ကနေထက်ခြမ်းကွဲသွားတယ်

နတ်သငယ်လေးကနှစ်ပိုင်းကွဲသွားတဲ့ကျောက်တုံးကိုကြည့်ပြီးတုန်ရီနေတေယ်'အိုး, မဖြစ်ဘူးမဖြစ်ဘူးမဖြစ်ဘူး,သေပြီ,ငါတော့သေပြီပဲ., သုံးဘဝကံကြမ္မာကျောက်တုံးကထက်ခြမ်းကွဲသွားပြီတဲ့လား, ငါတော့သေအောင်အရိုက်ခံရတော့မှာပဲ အဆင့်မြင့်နတ်ဘုရားရေ,လုပ်ချင်တာလုပ်လိုက်ရလို့ကျေနပ်ရဲ့လား,ကျွန်တော်တို့အတွက်တော့အဆင်မပြေဘူးဗျ'

သုံးဘဝကံကြမ္မာကျောက်တုံးကိုခွဲလိုက်ရုံနဲ့ရှီရှန်းရဲ့ဒေါသကိုမဖြေနိုင်သေးတာကြောင့်သူမဓားကိုဆွဲပြီးတော့လနတ်အကြီးအကဲခန်းမဆီကိုထွက်လာတယ် ပြီးတော့ဟောခန်းရှေ့မှာသောင်းကြမ်းတော့တယ်
အဆင့်မြင့်နတ်ဘုရား ချင်းကွမ်း ကကောင်းကင်ဘုံကိုပြန်ရောက်လာတယ် ပြီးတော့သုံးဘဝကံကြမ္မာကျောက်တုံးကိုဖျက်ဆီးပြီးလနတ်အကြီးအကဲခန်းမရှေ့မှာသောင်းကြမ်းနေတယ်ဆိုတဲ့သတင်းကပြန့်သွားတယ်

သူမသောင်းကြမ်းလို့ပြီးမှပဲနည်းနည်းလေးစိတ်သက်သာရာရသွားတယ်

......
"နတ်သခင်, သတင်းဆိုး,'' သာမန်ကောင်းကင်ဘုံသားလေးတစ်ယောက်ကရှီရှန်းရဲ့သတင်းတွေကြားတော့လနတ်အကြီးအကဲဆီကိုအပူတပြင်းသတင်းလာလျှောက်တင်တယ်''အဆင့်မြင်နတ်ဘုရားချင်းကွမ်းပြန်ရောက်လာပြီပြီတော့သူမ, .........ရှေးဟောင်းနတ်ဘုရားဇီဟွမ်ကိုနှုတ်ဆက်ပါတယ်''

ကောင်းကင်ဘုံသားလေးကရှေးဟောင်းနတ်ဘုရားဇီဟွမ်ဒီမှာရှိနေလိမ့်မယ်ဆိုတာသတိမထားမိဘူး သူကအပူတပြင်းလာရတာကြောင့်မို့လို့သတင်းလျှောက်တင်လို့ပြီးခါနီးမှသတိပြုမိလိုက်ပြီးခပ်မြန်မြန်အလေးပြုလိုက်ရတယ်

ဇီဟွမ်ကလက်ခံလိုက်တယ်

"ဆရာ, ချင်းကွမ်းကဒီကိုလာတယ်ဆိုတာကျွန်မကိုပြဿနာရှာဖို့ထင်တယ်''ယွဲ့ယောင်ကသူ့ဆရာရဲ့လက်ကိုဆွဲလိုက်တယ်''ကျွန်မ တမင်လုပ်တာမဟုတ်ပါဘူး''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Nơi câu chuyện tồn tại. Hãy khám phá bây giờ