'ကြည့်ရတာစာရေးဆရာမကယွဲ့ယောင်အတွက်အကူအညီပေးလိုက်တာပဲနေမယ်,စာရေးဆရာမရေ ဘက်လိုက်လွန်းလို့မိုးကြိုးပစ်ခံနေရဦးမယ်နော်'

"အေးလေ,အဲ့လိုဆိုရင်တောင်နင်တို့တွေက ငါ့ကိုဘာလို့အဲ့လိုထူးထူးဆန်းဆန်းကြီးတွေကြည့်နေကြတာလဲ''

'ဇာတ်လိုက်မကဒီလိုကံတွေကောင်းနေရင်တောင်ငါ့ကိုဒီလိုတွေကြည့်ဖို့မလိုပါဘူး,လိုလို့လား'

ရှီရှန်း ဆွဲတာခံလိုက်ရတဲ့ကောင်းကင်ဘုံသားလေးကမျက်ရည်တွေဝဲလာတယ်'ဒီမှာလူတွေအားကြီးရှိနေတာကိုဘာဖြစ်လို့,ငါ့ကိုမှဆွဲရတာတုန်း ငါကဘာလို့အဲ့လောက်တောင်ကံမကောင်းတာလဲ'

"အဆင့်မြင့်နတ်ဘုရား, သုံးဘဝကံကြမ္မာကျောက်တုံးကိုသွားကြည့်သင့်တယ်နော်''

'သုံးဘဝကံကြမ္မာကျောက်တုံး,ငါကအဲ့တာနဲ့ဘာလုပ်ရမှာတုန်း'
လူတိုင်းကသူမကိုရပ်ကြည့်နေတာကြောင့်နားလည်သွားတယ်သူမအစကသူမရဲ့ကြိုးနီတွေကိုပြန်ယူဖို့အတွက်မေ့သွားတာကြောင့်ယွဲ့ယောင်ဆီမှာရှိနေတုန်းပဲ,သူမကအခုအရိုက်အရာပြန်ရသွားတော့ရှီရှန်းရဲ့ကြိုးနီကိုတစ်ယောက်ယောက်နဲ့ချည်လိုက်မှာပဲ

သုံးဘဝကံကြမ္မာကျောက်တုံးကကြိုးနီကိုဘယ်သူနဲ့ချည်ထားတယ်ဆိုတာပြသပေးတယ်

ရှီရှန်းကသုံးဘဝကံကြမ္မာကျောက်တုံးရှိတဲ့နေရာကိုပြေးသွားတယ် သူမအဲဒီကျောက်တုံးနားကိုရောက်တော့ကောင်းကင်ဘုံသားလေးတွေကဒူးထောက်ပြီးတုန်ရီနေကြတယ်

ရှီရှန်းက အကြိမ်ကြိမ်ကျောက်တုန်းကိုပွတ်ကြည့်မှနာမည်ပေါ်လာတယ်

သုန်းကျင်း

ရှီရှန်းက ဒီနာမည်ကိုကြည့်ပြီးခနလောက်တိတ်သွားတယ်
သူမရဲ့အပြုအမူတွေကခန့်မှန်းလို့မရဘဲနဲ့တည်ငြိမ်နေတယ်ပြီးတော့လူသတ်ချင်တဲ့အရှိန်အဝါလည်းထွက်နေတယ်

'သောက်ရမ်းကောင်းတယ်, ဇာတ်လိုက်မ, နင်ကများငါ့ကိုလူသတ်ဖို့ပဲသိတဲ့သုန်းကျင်းနဲ့ပေးစားရဲတယ်ပေါ့လေ'

ရှီရှန်းက ကျောက်တုန်းပေါ်ကိုတင်ထားတဲ့သူမရဲ့လက်တွေကိုရုတ်သိမ်းလိုက်ပြီးတော့ ကျောက်တုံးကြီးကို ဓားနဲ့အမူအရာတစ်စက်ပြောင်းလဲခြင်းမရှိဘဲရိုက်ခွဲလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Tahanan ng mga kuwento. Tumuklas ngayon