"မင်းဒီရိုးရှင်းတဲ့စာကြောင်းလေးတစ်ခုကိုတောင်မှမပြောနိုင်ရင်ဘယ်နားမှာသုံးစားလို့ရမှာလဲ''ရှီရှန်းကသူ့ကိုကြိမ်းမောင်းတော့မယ်အယောင်ဆောင်လိုက်တယ်

"ရှေးဟောင်းနတ်ဘုရားဇီဟွမ်က ယွဲ့ယောင်ကိုသူ့တပည့်အဖြစ်ရွေးချယ်လိုက်ပြီးတော့ယွဲ့ယောင်ကလည်းနတ်သခင်အဖြစ်အဆင့်မြင့်သွားတယ်ပြီးတော့သူ့ရဲ့လနတ်အကြီးအကဲရာထူးကိုလည်းပြန်ရသွားတယ်'' သေလုနီးနီးခြိမ်းခြောက်ခံရတဲ့အခါမှာသူသိသမျှအရာတွေအားလုံးကိုတစ်ပြိုင်တည်းအကုန်ထုတ်ပြောပြီးတော့ရှီရှန်းဆီကလွတ်သွားတယ်

ရှီရှန်း ''......''
'ဇာတ်လိုက်မရဲ့ဘဝကလည်းစိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေတာပါလား'

'အပြစ်သားတွေကိုနှင်တဲ့ဝဋ်ကျွေူးကြေချောက်ကမ်းပါးကိုသွားရတာတောင်ရှေးဟောင်းနတ်ဘုရားနဲ့တွေ့ပြီးတော့ နတ်သခင်အဆင့်ရောက်သွားတယ်ဆိုပဲ'

ယွဲ့ယောင်ကအဲဒီချောက်ကမ်းပါးဆီကိုအပြစ်ပေးခံရတဲ့အချိန်တုန်းက တစ်စုံတစ်ယောက်ကြောင့်ပိတ်မိနေတဲ့ရှေးဟောင်းနတ်ဘုရားဇီဟွမ်နဲ့တွေ့ပြီးတော့သူ့ကိုကယ်လိုက်တယ်

ရှေးဟောင်းနတ်ဘုရားဆိုတာကအရမ်းကိုစွမ်းအားကြီးတယ်ရှီရှန်းနဲ့ချန်းလန်တို့ထက်တောင်မှစွမ်းအင်ရှိတယ်

သူ့ရဲ့နာမည်အပြည့်အစုံက ''ရှေးဟောင်းအဆင့်မြင့်နတ်ဘုရားဖြစ်ပြီးတော့ရှီရှန်းနဲ့ချန်းလန်တို့ရောက်နေတဲ့အဆင့်မြင့်နတ်ဘုရားထက်တစ်ဆင့်မြင့်တယ် နာမည်ကနေတင်စွမ်းအင်ကိုခံစားမိနိုင်တယ်

သူကဘာလို့ဒီလောက်ထိအံ့သြဖို့ကောင်းနေရတာလဲဆိုတော့ကျန်တဲ့ရှေးဟောင်းနတ်ဘုရားတွေကသေဆုံးသွားကြပြီဖြစ်ပြီးတော့သူတစ်ယောက်တည်းအသက်ရှင်နေတာဖြစ်တယ်,

ဇီဟွမ်ကချင်းကွမ်းရဲ့မိဘတွေနဲ့တစ်ခေတ်တည်းဖြစ်ပြီးရှေးဟောင်းနတ်ဘုရားတွေသေ သွားတော့သူတစ်ယောက်ပဲကျန်နေတာ
မူလဇာတ်ကြောင်းမှာတုန်းကသူအဆုံးထိပေါ်မလာခဲ့ဘူးအခုကယွဲ့ယောင်သူ့သရုပ်မှန်တွေပေါ်လာမှ သူလည်းပေါ်လာတာဖြစ်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now