တစ်ဖက်မှာတော့ကျောက်စိမ်းဧကရာဇ်ကဆွံ့အသွားတယ်'ငါဘာဆက်ပြောရတော့မှာလဲ'

ဧကရီကလည်းထပ်ပြီးတော့တိတ်ဆိတ်မှုကိုဖြိုခွဲလိုပ်ပြန်တယ်''ချင်းကွမ်း...မင်းကငယ်ငယ်တုန်းကအတိုင်းပဲနော်''

"သေချာပေါက်ပဲ,အရင်တုန်းကမင်းကသေးသေးလေးပဲရှိသေးတယ်,'' ကျောက်စိမ်းဧကရာဇ်က ဧကရီနောက်ကစကားကိုဆက်ပြောတယ်''အခုတော့မင်းကအဆင့်မြင့်နတ်ဘုရားတောင်ဖြစ်လာပြီပဲ, အချိန်တွေအရမ်းမြန်လွန်းတယ်''

"အဲ့တာကစုစုပေါင်းမှနှစ်ပေါင်းသုံးသောင်းရှိတာမလား,တံခါးပိတ်ကျင့်ကြံဖို့အတွက်လုံလောက်တဲ့အချိန်ပါပဲ,အဲ့လောက်လည်းမမြန်ပါဘူး''
ရှီရှန်းက ပြန်ဖြေတယ်

ကျောက်စိမ်းသခင် ''.....''
'အဲ့တော့ငါဘာဆက်ပြောရမှာလဲ'

ကျောက်စိမ်ဧကရီ ''.....''
'မင်းကနှစ်ပေါင်းသုံးသောင်းတည်းနဲ့အဆင့်မြင့်နတ်ဘုရားဖြစ်တာကိုကြွားနေတာလား'

သူတို့နှစ်ယောက် အကြည့်တွေဖလှယ်လိုက်ကြတယ်'ဟုတ်တယ်,သူမနဲ့ဘယ်လိုမှကိုစကားဆက်ပြောလို့မရတော့ဘူး,လိုရင်းအချက်ကိုပဲတည့်ပြောကြရအောင်'

အခမ်းအနားကအရမ်းကိုအသေးစိတ်ကျပြီးတော့ရှုပ်ထွေးတယ်သူတို့တွေစကားပြောနေတဲ့အချိန်မှာအောက်ကနတ်သမီးနတ်သားတွေလည်းလေဖုတ်နေကြတယ်
ချန်းလန်ကတော့တိတ်ဆိတ်နေတယ်ပြီးတော့သူ့စိတ်ကလည်းရှင်းလင်းနေတာပဲ,

'ဟေး, ဒီနတ်ဘုရားမကနည်းနည်းတော့ပြောရဆိုရခက်တယ်ရယ်'

သူနဲ့စကားတစ်ခါပြောရရင်ကိုဒေါသထွက်ပြီးသေသွားလောက်တယ်

ကျောက်စိမ်းဧကရာဇ်နဲ့ ဧကရီတို့ကတော့အခမ်းအနားမပြီးဆုံးခင်ထိနေသွားတယ်အခမ်းအနားပြီးသွားပြီဆိုတော့မှသူတို့အဲ့ပွဲကနေထွက်လာကြတယ်

အခြားနတ်သားနတ်သမီးတွေကလည်းသူမနဲ့စကားပြောဖို့ကြိုးစားကြတယ်ဒါပေမဲ့သူတို့တွေတစ်ခွန်းနှစ်ခွန်းပြောပြီးတဲ့နောက်မှာစကားပြောချင်စိတ်ကိုမရှိဖြစ်သွားတယ်

သူမကိုမြှောက်ပင့်ရင်ဆိုရင်တောင်မှသူမကဒါကိုအရှက်မရှိစွာလက်ခံပြီးတော့, ပိုပြီးဆိုးအောင်သူမကိုယ်သူမထပ်ပြီမြှောက်ပင့်မယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Место, где живут истории. Откройте их для себя