မိန်းကလေးကချန်းလန်ကိုသူတို့ငယ်ငယ်တုန်းကအကြောင်းတွေကိုခံစားချက်ပါပါနဲ့ပြောပြနေတယ်
ချန်းလန်ကအစပိုင်းမှာတော့ငြင်းနေသေးပေမယ့်နောက်ဆုံးမှာသဘောတူလိုက်လျောတော့တယ်

ရှီရှန်းက ပြန်ပြီးတော့စဉ်းစားနေသေးတယ်
'ငါဇာတ်လမ်းများမှားဝင်လာတာလား,ဘယ်လိုဖြစ်ပြီးမောင်းမဆောင်ဝတ္ထုဖြစ်သွားတယလဲ'

"ရှင်တို့ဘာလုပ်နေကြတာလဲ'' ယွဲ့ယောင်ကရုတ်တရပ်ပြေးထွက်လာပြီးမင်းသမီးကိုပါးရိုက်ပစ်လိုက်တာကြောင့်မင်းသမီးကစတင်ပြီးတော့ငိုတော့တယ်

"အန်းယွဲ့ယောင်!''ချန်းလန် ကဒေါသထွက်သွားတယ်
'သူမကချန်မင်းသမီးကိုတောင်ရိုက်ရဲနေပြီပေါ့'

ယွဲ့ယောင်ကရိုက်ပြီးတော့သူမစိတ်တွေပြန်ဝင်လာတယ်ဒါပေမဲ့သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ဖက်နေတာကိုမြင်တော့သူမစိတ်ကိုဘယ်လိုမှမထိန်းနိုင်ဘူးဖြစ်သွားတယ်

ချင်းကွမ်းကနန်ကျင်းပြည်ထောင်ရဲ့အချစ်ရဆုံးသောမင်းသမီးဆိုရင် ဒီကိုးယောက်မြောက်မင်းသမီးကလည်းချန်ပြည်ထောင်ရဲ့အချစ်ရဆုံးသောသမီးပဲ

ဒီကိစ္စကချန်ဧကရာဇ်ဂရုစိုက်ရမယ့်ကိစ္စကြီးဖြစ်သွားတယ်

သူအတွက်အမှားလုပ်ထားတာသူ့သမီးဆိုရင်တောင်ဒီကိစ္စကိုမျက်နှာလွှဲဖို့မဖြစ်နိုင်ဘူး အဲ့ဒါကြောင့်အားလုံးကိနန်းဆောင်ထဲကိုခေါ်လိုက်တယ်

အပြင်လူဖြစ်နေပေမဲ့ရှီရှန်းကထွက်သွားဖို့ငြင်းပယ်ပြီးပွဲသွားကြည့်တယ်

ယွဲ့ယောင်ကကြိမ်ဒဏ်များစွာအရိုက်ခံလိုက်ရပြီးတော့ကိုးယောက်မြောက်မင်းသမီးကိုချန်းလန်နဲ့လက်ထပ်ပေးမယ်လို့ကတိပြုပေးလိုက်တယ်
မင်းကြီးကယွဲ့ယောင်ရဲ့ပထမဇနီးဆိုတဲ့နေရာကိုမဖယ်ရှားပေမယ့်မင်းသမီးကိုလည်းတူညီတဲ့အဆင့်အတန်းကိုပေးလိုက်တယ်

ရှီရှန်း ချန်အန်းကနေပြန်တဲ့နေ့က မင်းသမီးရဲ့လက်ထပ်ပွဲနေ့ပဲဖြစ်တယ်
........

သုံးပြည်ထောင်ရဲ့စစ်ပွဲကြီးကစတင်လာပြီးတော့ရှီရှန်းလည်းစစ်မြေပြင်ကိုဝင်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now