အပိုင်း - ၇

Start from the beginning
                                    

မိန်းကလေးများဘုရားမီးထွန်းညှိနေတာကို လူပျိုအဖွဲ့အောင်သက်တို့ဗြောက်‌ဖောက်၍ စနေ‌သောကြောင့် တချို့အပျိုတွေလန့်ကာအော်သူကအော် စိတ်ဆိုးသူကစိတ်ဆိုး ဒါလဲလူပျိုတွေစတာကရပ်မသွားဘဲစိတ်ဆိုးပြလေ ပိုပြီးတော့စကြလေဖြစ်သည်။

ရိုးသူငယ်ချင်းတစ်ဖွဲ့ကတော့ အပျိုပိုးရန်ဘုရားမီးထွန်းနေတဲ့အပျိုတွေအနားရွှေစင်ညိုဘာလိုလို့ဝဲ သွားလုပ်နေကြ၏ ရိုးလည်းဘုရားရင်ပြင်‌ပေါ်ကဆင်း၍ ‌ဘုရားစောင်းတန်းနားသွားထိုင်ကာ ဆီမီးမထွန်းသေးပဲချစ်ရသူအလာကိုစောင့်နေစဉ်...။

" ကိုကြီးရိုး မီးခြစ်လေးပါရင်ငှားပါလား ပန်းဝါ မီးခြစ်မပါခဲ့လို့ "

ရိုးပုဆိုးခါးကြားမှာထိုးထားတဲ့မီးခြစ်ကိုပန်းဝါကိုထုတ်ပေးလိုက်စဉ် ဘယ်အချိန်ကဘုရားပေါ်တက်လာမှန်းမသိတဲ့ အရိပ်ကသူ့ကိုစိမ်းစိမ်းကားကားကြီးကြည့်၍ မမြင်သလို သူတို့ကိုအရေးမလုပ်ပဲ ဘုရားရင်ပြင်ပေါ်တက်သွားတော့ ရိုးလည်းပန်းဝါလက်ထဲမီးခြစ်ထိုးပေးပြီး အရိပ်အနောက်အမြန်လိုက်လာခဲ့သည်။

အရိပ် ခုနကရိုးကိုပန်းဝါနဲ့အတူဘုရားစောင်းတန်းမှာနှစ်ယောက်တည်းတွေ့လိုက်တော့ ရိုးကိုစိတ်ဆိုးကာတစ်ယောက်တည်းဘုရားပေါ်ကလွတ်နေတဲ့နေရာတွေဖယောင်းတိုင်လိုက်စိုက်၍ မီးညှိရန်ပြင်လိုက်တော့ သူ့အနောက်မှာရပ်နေတဲ့ရိုးကိုတွေ့လိုက်ရသည်။

လက်ထဲမှာဖယောင်းတိုင်တစ်ခုကိုမီးညှိလို့ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကမီးမငြိမ်းအာင်လေကိုကွယ်ထားတဲ့ ရိုးပုံစံလေးကခါတိုင်းနဲ့မတူပုဆိုးနဲ့ Shirt ကိုသပ်ရပ်စွာဝတ်ဆင်ထာတဲ့ ရိုးပုံစံကိုအရိပ်ကိုငေးကြည်မိသွားသည်။

" ကိုယ့်ကူပြီး မီးညှိပေးမယ် "

အရိပ်စိတ်ကောက်နေတာကြောင့် ရိုးစကားကိုအရေးမလုပ်ပဲလက်ထဲကမီးခြစ်နဲ့ဖယောင်းတိုင်တစ်ခုကိုမီးညှိလိုက်ပြီးစိုက်ထားတဲ့ ဖယောင်းတိုင်တွေကိုမီးလိုက်တိုလိုက်တော့ ရိုးကလဲသူ့လက်ထဲကဖယောင်းတိုင်နဲ့မီးလိုက်ညှိနေသည်။

အားလုံးပြီးချိန်၌အရိပ်ဘုရားရှင်ခိုးရန်ထိုင်လိုက်တော့လည်းအရိပ်နံဘေးနားဆောင့်ကြောင့်ဝင်ထိုင်ကာလက်အုပ်ချီပြီးဘုရားရှင်းခိုးနေတဲ့ရိုးကို အရိပ်ခိုးကြည်ပြီးပြုံးလိုက်မိသည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now