- 7 -

350 69 7
                                    

[Unicode]

အပိုင်း (၇)

- နျိက်ဟယ်ရှန်းဖြင့်ပင် ယဉ်ပါးအောင် မစွမ်းသာသော ခေါင်းမာလှသည့် ခန္ဓာကိုယ် -

[T/N - ဒီအပိုင်းကနေစပြီးတော့ တရုတ်ဘာသာကနေ တိုက်ရိုက်ပြန်ဆိုထားပါတယ်ရှင် … အမှားပါခဲ့ရင်ထောက်ပြပေးပါ]

(၇)

လူချမ်းသာများ ဟိုဟိုဒီဒီ သွားလာခြေရှုပ်နေကျဖြစ်သော မြို့တော်ကြီးများ၌ ရာထူးနိမ့်သည့် ရုံးတော်အရာရှိများသည် ခွေးထက်ပင်နိမ့်ကျသေးသည်။ ထီးနန်းရှင်၏ သားတော်မြေးတော်တချို့ အာဏာစက်ကြီးသည့်အခါမျိုးတွင် ၄င်းတို့သည် ခြူးတစ်ပြားစာမှပင် တန်ဖိုးမရှိတော့ပေ။

သို့သော် လက်ရှိမိဖုရားကတော့ ခြွင်းချက်တစ်ခုပေ။

သာ့ဆွေဧကရာဇ် ရုံးတော်အရာရှိအဖြစ် အမှုထမ်းခဲ့ဖူးသည့်ဘဝကတည်းကပင် ဇနီးဖြစ်သူ 'တူကူး'က အနားမှာ အမြဲတမ်းရှိနေပေးသည်။ လင်ယောက်ျားနောက်ပုန်းအောင်း၍ အားကိုးရှာရုံသာတတ်သည့် တခြားမိန်းမသားများနှင့် မတူပေ။ ယန်ကျန်းရင်ဆိုင်ကြုံတွေ့ရသမျှ ပြဿနာများသည် တူကူးကြောင့်ပင် အောင်မြင်ကျော်လွှားနိုင်ခဲ့သည်ကများ၏။သူ ထီးနန်းရရှိသည့်အခါမှာလည်း တူကူးကပဲ သူ၏ဘေးနားတွင် ရှိနေပေးကာ မိဖုရားတူကူးဖြစ်လာခဲ့၍ တိုင်းရေးပြည်ရေးကိစ္စများတွင် ပါဝင်ဖြေရှင်းကာ ခင်ပွန်းသည်ကို ဆက်လက်ကူညီထောက်ပံ့ပေးဆဲဖြစ်သည်။

ဧကရာဇ်နှင့် မိဖုရားအကြားတွင် ဇနီးမောင်နှံချစ်ခြင်းသာမက သူငယ်ချင်းရောင်းရင်းကဲ့သို့ အပြန်အလှန် ကူညီအားပေးမှုများရှိနေသည်ကို လူအများက သတိထားမိကြသည်။ မိဖုရားတူကူးကြောင့်ပင်လျှင် လက်ရှိဧကရာဇ်၏ရာထူးက ယခင့်ယခင်သော ဧကရာဇ်များထက်ပင်ပို၍ ခိုင်မြဲလုံခြုံမှုရှိနေခြင်းဖြစ်သည်။ ထိုမျှမကသေး ... ဧကရာဇ်သည် "နောက်ထပ်ဇနီးသည်ကို လက်ထပ်ခြင်းမပြု" ဟူ၍ပင် သစ္စာဆိုထား၏။ သို့ဖြစ်၍ ယခုမင်းသားမင်းသမီးအားလုံးသည် လက်ရှိဧကရာဇ်နှင့် မိဖုရားခေါင်တို့၏ သွေးသားရင်းချာများသာဖြစ်သည်။

「ဝူရွှမ်း」တုနှိုင်းမဲ့  Where stories live. Discover now