သူမအကို့အိမ်ရောက်နေခဲ့တာပေါ့..။

"ဟေ့..ဟေ့..မင်းကိုငါ့အိမ်ခေါ်လာတယ်လို့စဉ်းစားနေတာဆို ပြန်ဖျက်လိုက်နော်..မင်းကို ကိုယ်အဲ့လောက်အရေးမပေးဘူး.!!..အခုက Hotelမှာ.."

"ဘာအဓိပ္ပါယ်လဲ အကို !!?.."

"ဟက်!!..Park Jiminညီမက park jiminလိုခပ်တုံးတုံးလေးပဲ.."

ကိုကိုjiကိုတုံးသည်ဟုပုတ်ခတ်ပြောဆိုလာတာကြောင့် မျက်မှောင်လေးကျုတ်မိသွားသည်..။

"ဒီအထိရောက်လာမှတော့လဲ ပြောပြရတော့မှာပေါ့..ရော့..ဒါလေးတွေကြည့်လိုက်.."

အိပ်ယာပေါ်သို့လှမ်းပစ်ပေးလိုက်သည့် အထုပ်လေးအား ဖွင့် ကြည့်လိုက်တော့ ထွက်ပေါ်လာသည့် ဓာတ်ပုံအများအပြား..

ဘာတွေလဲဟု အကို့ကိုလှမ်းကြည့်လိုက်တော့ ဖွင့်ကြည့်ပေါ့ဟုသောသဘောဖြင့် အရက်လေးသောက်ရင် မျက်ခုံးပင့်ပြသည်..
အမြဲတမ်းကးြွေခဲ့ရသော အကို့မျက်နှာသည် ဒီတစ်ခါတွင်တော့..ဗီလိန်တစ်ယောက်ဟူသော ခံစားချက်ကိုသာပေးသည်..။

မှောက်ထားသော ဓာတ်ပုံများအားလှန်ကြည့်မိသည့်ခနတွင် အချိန်အတော်ကြာစွံ့အသွားစေခဲ့သည်...။
သူနှင့် အကိုရဲ့ partyတွင်နမ်းနေသည့်သရုပ်ပျက်ပုံများ ၊
သူမအားပွေ့ချီသွားသည့်ပုံများ..၊

ဒါထက်ပိုဆိုးတာက..!!
အကို့ရဲ့အဝတ်ဗလာနှင့်ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် သူမရဲ့ပုံများ !!..

"ဒါ..ဒါတွေက..ဘာတွေလဲ..အကို ?..
ပြောတော့ ဘာမှ..မဖြစ်ခဲ့..ပါဘူးဆို~~"

တုန်ရင်လာသော အသံနှင့်အတူ ထိတ်လန့်မှုကြောင့် မျက်ရည်များဝဲလာမိခဲ့သည်...

"အင်းလေ..တကယ်ဘာမှ မဖြစ်ခဲ့တာတော့ ငါတို့ပဲသိတဲ့အမှန်တရားပေါ့..
အကယ်၍ ဒီပုံတွေသာ မင်းရဲ့အကိုတွေဆီရောက်သွားရင် ဘယ်လိုဖြစ်ကုန်မယ်ထင်လဲ Bae~~"

မယုံနိုင်စရာ စကားများပြောထွက်လာသည့် အကို...မဟုတ်ဘူး !!..လူယုတ်မာ..!
ထိုလူကို ဒေါသတကြီး စိုက်ကြည့်မိသည်..။

"ဘာကြောင့်လဲ !!..ဘာအငြိုးရှိလို့လဲ !!.."

"ဟက် !! မင်းလေးကထင်သလောက်မတုံးဘူးပဲ ..မင်းနဲ့တော့ အငြိုးမရှိပါဘူး..
မင်းရဲ့ အကိုPark Jiminနဲ့ပတ်သတ်တဲ့ လူတစ်ယောက်ကြောင့်ပေါ့.."

I WANT TO BE HIS LOVE (Completed)Where stories live. Discover now