Chapter (31)💘

5.2K 611 144
                                    

Unicode

နောက်ကျိနေသော ခေါင်းတစ်စုံနှင့် အလင်းရောင်းစူးစူးကြောင့် မျက်လုံးပင် သေချာမဖွင့်ပဲ..စောင်ထဲခေါင်းပြန်တိုးဝင်လိုက်သည်..။

သို့သော်..မှိုနံ့လိုလိုအောက်သိုးသိုးအနံ့မျိုးမရပဲ မွေးပျံ့နေသည့် စောင်နှင့် အိပ်ယာခင်းအနံ့ကြောင့်..သူမရဲ့အခန်းမဟုတ်သည်ကတော့ ကျိန်းသေသည်...။

သူမအရမ်းကြိုက်လှသည့် Lavenderပန်းရနံ့လေးကြောင့် နောက်တစ်ကြိမ်ရှုရှိုက်ပြီး ပြန်အိပ်ရန်ဆုံးဖြတ်လိုက်သည်..

နေပါဦး..!!ဒါဆို ငါမနေ့ညက ဘယ်မှာအိပ်ခဲ့တာလဲ !!!..

ခေါင်းထဲ ဒိန်းခနဲဝင်လာသည့် အတွေးကြောင့် ပြူးပြူးပြာပြာမျက်လုံးများဖွင့်လိုက်သည်...။
အဖြူရောင်အိပ်ယာခင်းနှင့် ဆန့်ကျင်စွာ မြင်လိုက်ရသည့် အမဲရောင်မျက်နှာကျက်ကြောင့်
သူရဲ့ခရမ်းရောင်အခန်းငယ်လေးမဟုတ်တော့တာတော့သေချာသွားသည်...။

မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ ??..

တဖြည်းဖြည်း‌ချင်း တွေးကြည့်မှ ရှင်းလင်းလာသည့်မြင်ကွင်းများ...
အကိုနှင့်အတူ အကို့သူငယ်ချင်းတစ်ယောက်ရဲ့ partyသို့သူမ သွားခဲ့သည်...။

အရောင်လှတာကြောင့် မသောက်စဖူး အရက်များလျှောက်သောက်ခဲ့သည်...ပြီးတော့..ပြီးတော့..အကို့ကိုသူနမ်းမိလိုက်သေးတယ်တဲ့ !!!
ထို့နောက်အိပ်ပျော်သွားတာကြောင့် ဘာမှ ထပ်မမှတ်မိတော့...

ဒါ‌ဆို..သူမအခုအကို့ရဲ့အိမ်ကိုရောက်နေတာလား !!..
အချက်ပေးသံများ မျိုးစုံမြည်ဟည်းသွားသော သူမရဲ့ခေါင်းလေးကြောင့် ငုတ်တုပ်ထထိုင်လိုက်သည်..။

ဘေးတွင်လည်း သူမရဲ့ အပေါ်ထပ်အကျီအနက်ရောင်လေးက ကြမ်းပြင်ပေါ်ကျနေခဲ့သည်...။
ထိုအကျီလေးမှ အပ သူ့ကိုယ်ပေါ်တွင် အကျီအားလုံးရှိနေသေးသည်...

တကယ်တော်သေးတာပေါ့..!!

"စစ်ဆေးလို့ဝပြီလား !!..မင်းကိုဘာမှမလုပ်ထားတာကြောင့် ပူမနေနဲ့.."

ကြားလိုက်ရသည့် အကို့ရဲ့အသံကြောင့် အခြားဘက်သို့လှည့်ကြည့်လိုက်တော့..အရက်ခွက်အားကိုင်လျက် ခြေထောက်ချိတ်ထိုင်နေသည့်အကို..

I WANT TO BE HIS LOVE (Completed)Where stories live. Discover now