ရင်းနှီးကျွမ်း၀င်ပြီးသားဖြစ်တဲ့မန္တလေးမြို့ထဲလမ်းမတွေကို လွမ်းဆွတ်သတိရစွာ ငေးမောနေရင်း.. အရင်ကအတိုင်း မပြောင်းလဲတာကိုလည်း သတိထားမိပါရဲ့။ ၃ စက္ကန့်တခါလောက် မကြည့်ရမနေနိုင်ဖြစ်နေတဲ့ အကို့မျက်နှာကိုလည်း တိတ်တိတ်လေး ခိုးကြည့်ပြီး ဗျာများနေရတာက တလုပ်။၊

ဒီလမ်းမတွေပေါ်မှာ ဒီခြေရာတွေ။ ဒီလမ်းမတွေပေါ်ကနေ အကို့ဆီကို ရောက်အောင်သွားခဲ့သလို.. ဒီလမ်းမတွေပေါ်ကနေပဲ အကို့ဆီကနေ ထွက်ပြေးလာခဲ့တဲ့နေ့တွေ။ အကိုက လာပါလို့ မခေါ်.. သွားပါလို့လည်း မနှင်ပါပဲ တယောက်တည်း ယောက်ယက်ခတ် ခဲ့ရတဲ့ ငရဲနေ့တွေပေါ့လေ။

ဗိုက်ကို ဓားအထိုးခံရလို့ ဆေးရုံပေါ်မှာ အစိမ်းလိုက်ချုပ်နေတုန်းမှာတောင် ကျွန်တော်ဟာ နာဖို့ သတိမရမိခဲ့ဘူး.. အကို့မွေးနေ့အမှီ အိမ်ပြန်ရောက်ပါ့မလားဆိုတဲ့ စိုးတထိတ်ထိတ် စိတ်နဲ့ ပိုးသတ်ဆေးလောင်းပြီး အိမ်ကိုပြန်အလာ.. အကိုကတော့ ဟန်ဆောင်မျက်နှာဖုံးတွေကြားထဲ ပြုံးလို့ ပျော်လို့။ သွေးသံတရဲရဲနဲ့ ကျွန်တော့်ကိုမြင်တော့ လူတိုင်းက နှာခေါင်းရှုံ့ကျတာပေါ့။

ဒါတွေက ကျွန်တော့်အမှားလို့ အကို့ဘက်ကချည်း ထပ်ခါတလဲလဲ ဆုံးမပြန်သေးတယ်။

တရားလွန် လူနဲ့လာပွတ်သပ်နေတဲ့ အကို့ကြောင်လေးကို ကျွန်တော် စိတ်ရှုပ်ရှုပ်နဲ့ ရိုက်သတ်လိုက်တုန်းကလည်း.. အကို တအား စိတ်တိုသွားတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အကို့စိတ်ကို ကျွန်တော့်ဆီ ဖွင့်ပြဖို့ နည်းနည်းလေးမှ မသထာခဲ့ဘူး။ ဒေါသပဲ ဖြစ်ဖြစ်.. ပျော်စရာပဲ ဖြစ်ဖြစ်.. ၀မ်းနည်းစရာ ၀မ်းသာစရာ.. အကုန်လုံးကို အကိုက ကျွန်တော်နဲ့ မဝေမျှချင်ဘူး။

အသက်ဆိုတာ မသတ်ကောင်းဘူး.. ငရဲကြီးလိမ့်မယ် ဆိုတဲ့ ဆုံးမသံနဲ့ တိတ်တိတ်လေး စိတ်တိုနေတဲ့ အကိုကြောင့် ကျွန်တော့်မှာ အိမ်ပေါ်က ဆင်းခဲ့မိပါသေးတယ်။

အကိုက စည်းတွေထားတာလေလေ.. ကျွန်တော်က မွန်းကျပ်လာလေလေ။ ဘယ်ကတည်းက လွဲမှားသွားတဲ့ ဒဏ်ရာတွေမှန်းတောင် မမှတ်မိတော့တဲ့အထိ ကျွန်တော့်မှာ အမုန်းတွေထဲ ပိတ်မိနေတော့တာပဲ။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now