“ ဘာလဲ..”

“ မင်း.. မင်းကို ဆရာ.. အဲ့.. ဟိုလူယုတ်မာကြီးက အဲ့လိုတွေလုပ်ခဲ့တာ မင်း ဘယ်လိုမှမခံစားရဘူးလား..”

၁၅ နှစ်အရွယ်သူနဲ့ ယှဉ်ရင် ဒင်းတို့နှစ်ယောက်က လူပျိုဖော်ဝင်ပြီးလို့ မိန်းကလေးတွေကိုတောင် မထိတထိ စနောက်နေကြပြီလေ။ အဲ့တော့ ဒီကိစ္စအကြောင်းကို တခြားကလေးတွေထက် ပိုနားလည်နေတာ ဖြစ်မယ်။

“ ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာ သိချင်လို့ တမင်လာမေးတာလား..”

ခပ်ငေါ့ငေါ့ မေးလိုက်တော့.. နှစ်ယောက်သား ကပျာကယာနဲ့ သူ့ဘေးနားဝင်လာထိုင်ကြပြီး..

“ မဟုတ်ပါဘူးကွာ.. ငါတို့ Father မသိအောင် ခိုးကြည့်ဖူးတဲ့ ဗီဒီယိုကားတွေထဲမှာဆိုရင် မ..မိန်းကလေး.. ဟိုကွာ.. မိန်းမတွေကပဲ အဲလိုလုပ်ပေးကြတာဆိုတော့ကွာ.. မင်းက ယောကျာ်းလေးလေ.. ဟိုလူယုတ်မာကြီးက မင်းကို ဘာလို့..”

သြော်.. ဒီလူပျိုပေါက်နှစ်ကောင်က ဒီကိစ္စကို စိတ်ဝင်စားကြတာကိုး။

လိင်ကိစ္စဆိုလျှင် အထီးနဲ့အမလောက်ပဲ အပေါ်ယံသိကြတဲ့ အရွယ်တွေပဲမဟုတ်လား။ အခြောက်ဆိုတာကို စကားနှင့်သာ ကြားဖူးခဲ့ရုံ ဖြစ်လိမ့်မယ်။

“ ကိုသတ္တတို့က အခြောက်တို့ ယောကျာ်းချင်းကြိုက်တာတို့ကို မသိဘူးလား..”

“ သိတော့သိတာပေါ့ကွ.. ဒါဆို ကိုစိုင်းလွင်က အခြောက်ကြီးလား..”

ဧကရဲ့ ရွံရှာသလို မျက်နှာဘေးနဲ့ ထွီကနဲ တံထွေးထွေးလိုက်တဲ့ပုံစံကြောင့် ကိုးမှာ အခြောက်သည်လည်း လူသားပင်ဖြစ်ကြောင်း၊ လိင် သဘောသဘာဝကိစ္စတွေဟာ မျိုးတူတူ မျိုးမတူတူ ရှုံ့ချစရာမဟုတ်ကြောင်း၊ ကိုစိုင်းလွင်၏လုပ်ရပ်က အလိုမတူပဲ အဓမ္မမှုကြောင့်သာ ယုတ်ညံ့သည်ဖြစ်ကြောင်း၊ ထိုယုတ်ညံ့မှုမျိုးသည် ယောကျာ်းမိန်းမနှင့်မဆိုင်ကြောင်း ရှင်းပြလိုစိတ်များ ကုန်ခမ်းသွားရလေသည်။

“ မင်းတော်တော် စိတ်ညစ်နေမှာပဲ.. အဲ့အခြောက်ကြီးက မင်းကို လုပ်သွားတာဆိုတော့.. ငါ့ကိုသာ အခြောက်တယောက်က အဲ့လို လာလုပ်ရင် လူပါသတ်မိမလားမသိဘူး..”

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now