“ ဟေး… ဆရာလေး လာပြီကွ “

မြေကွက်လပ်မှာ ဆော့နေတဲ့ ကလေးတွေက ခြံ၀င်း ၀င်ပေါက်ကနေ ဆိုင်ကယ်နဲ့ ၀င်လာတဲ့လူဆီ ၀မ်းပန်းတသာနဲ့ အော်ဟစ်ကာ ပြေးသွားကြသည်။ ၀င်လာသူက သူတို့ကို စာသင်ပေးနေတဲ့ ဆရာလေး ကိုစိုင်းလွင်။

ကိုး တယောက် မဲ့ပြုံးလေးနဲ့ စိုက်ကြည့်နေလိုက်တယ်။

ကချင်ပုဆိုး အပြာကွက်လေးနဲ့ ရှပ်အကျီ င်္အဖြူ လက်ရှည်လေးကို တံတောင်ဆစ်ထိ ခေါက်၀တ်ထားတဲ့ အဆိုပါ အမျိုးသားက အရပ်လည်း ၆ ပေ လောက်ရှိတော့.. ဖြူဖြူသန့်သန့်နှင့် ကြည့်ကောင်းတဲ့အထဲမှာ ပါသည်။

ဧကန္တ.. ဒီအတိတ်တွေက ဘယ်တော့မှ မေ့ပျောက်လို့ရမှာ မဟုတ်ဘူး ထင်ပါရဲ့။ ထပ်တူညီတဲ့ ဇာတ်လမ်းတခုကို သူ နှစ်ခေါက် က ရဦးမှာပါလားလို့ တွေးကာ.. နှုတ်ခမ်းတဖက်ကို အပေါ်ဘက်သို့ အလိုလို တွန့်လိုက်မိတော့တာပဲ။

သူတို့ကျောင်းက ကလေးတွေအကုန် ထိုဆရာလေးကို သိပ်ချစ်ကြတာ။ ဆရာလေးက အခကြေးငွေ အများကြီးမယူပဲ စာလာသင်ပေးတဲ့အပြင် ကလေးတွေအတွက် မုန့်တွေ အရုပ်တွေလည်း ခဏခဏ ၀ယ်ပေးနေတာဆိုတော့ ဝိုင်းအချစ်ခံရတာလည်း မဆန်းပါဘူးလေ။

Father က စိတ်သဘောထား ပြည့်၀သူပီပီ သူတို့ကို ကျောင်းဆရာခေါ်ပြီး စာသင်ပေးသည်။ အလှူရှင်တွေနဲ့ ရပ်တည်နေရတဲ့ ဒီလို မိဘမဲ့ကလေးတွေ အတွက် စာသင်ခွင့်ရတယ် ဆိုတာကိုက ကံကောင်းတယ်လို့ပဲ သတ်မှတ်ရမှာပေါ့။

ဒါပေမယ့်.. ကံကောင်းခြင်းဆိုတာ ကိုးနဲ့ လားလားမျှ မသက်ဆိုင်တဲ့အရာ။ အချစ်ဆိုတာလည်း ကိုးရဲ့ဘ၀မှာ ငရဲမီးလို ပူလောင်ခဲ့ရတဲ့အရာ။ ချစ်မယ်လို့ ဆုံးဖြတ်လိုက်တိုင်း သူ့အချစ်ဟာ အဖျက်ဆီးခံရတာချည်းပဲ။ သွေးသားရင်း အဖေနဲ့အမေက စွန့်ပစ်ထားခဲ့လို့ မိဘမဲ့ဘ၀ကို ရောက်နေရတာတောင်မှ သူဟာ မြေနိမ့်ရာ လှံစိုက်ခံခဲ့ရသည်။

ကလေးတိုင်းက သိပ်ချစ်နေတဲ့ ထိုဆရာလေးသည် အမှန်တကယ်တော့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးကြီး ဖြစ်နေမှန်း ကိုးက လက်တွေ့ကျကျ သိခွင့်ရခဲ့သည်။ အကြောင်းမသိခင်က သူလည်း အဲ့ဆရာလေးကို တခြားကလေးများနည်းတူ သံယောဇဉ်ရှိခဲ့တာပေါ့။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now