အပိုင်း (၁၃)

Start from the beginning
                                    

"ဟား... ဗိုက်ပူလာတယ်လို့မထင်ဘူးလား..."

အင်္ကျီလေးအား မပြလိုက်တော့ အနည်းငယ် ပူတူတူလေးဖြစ်နေသော ဗိုက်ကလေး...

"အမ်း... အရင်ကတည်းက သတိထားမိတယ်.. အစားတွေ အဲ့လောက်စွပ်စားမှတော့ အဆီတက်ပြီပေါ့လို့..."

သျှမ်က ဦးတည်ဖြေသော အဖြေကို စိတ်အလိုမကျစွာ နှုတ်ခမ်းလေးထော်ရင်း...

"၂ လကျော်တဲ့..."

"ဟမ်!.."

အင်္ကျီလေး ပြန်ဖုံးခါ ထိုင်ခုံပေါ်ပြန်ထိုင်ရင်း အကြည့်လွှဲထားမိသည်.. နှုတ်ခမ်းလေးကိုဆူထားဖို့လည်းမမေ့စေရ...

"ဘာကိုလဲ အမွှေစိန်ရ... ဘာ ၂လလဲ.."

"ဟွန့်... နောက်လင်နဲ့ရထားတဲ့ ကိုယ်ဝန် ၂လ.."

သျှမ့်အဖြေကြောင့် စဝ်စိုင်းခမ် မျက်လုံးကြီးပြူးခါ ကြည့်မိသည်...။ အပ်ကျသံတောင် မကြားရပါဘဲ သျှမ့်အား မျက်တောင်မခတ်ကြေးကြည့်လို့...

"အမွှေစိန်... ! ဘာရယ် ဘာရယ်...ကိုယ်လေ.. နားကြားလွဲတာလား..ဘယ်လိုလုပ်ပြီး.."

"ပိန်းဥ... ဒီလောက်ပြောနေတာတောင် အခုထိသဘောမပေါက်သေးဘူး.. ဟုတ်တယ် ဟုတ်တယ် ဗိုက်ထဲမှာ ဝမ်ရိပေါ် နဲ့ရတဲ့ ကလေးလေးရှိနေပြီ..ဟင့်.."

"ဟား...တ..တယ်ကြီးလား...အား...."

"ဟင်း ခုမှလာပြီး..."

သျှမ့်အား ထွေးပွေ့ဆွဲယူလိုက်သော ခွန့်လက်ထဲ ကလေးလေးလို ပတ်လပ်ကလေးပါသွားသော သျှမ်သည် ဆူပုတ်ပုတ်အပြုံးလေးနဲ့...

"ခင်ဗျားနဲ့ရတာ မဟုတ်ဘူး လွှတ်...အောက်ပြန်ချပေး.."

"ဟားဟား...ဝမ်ရိပေါ်မှာ သူ့မိန်းမရှောင်းကျန့်ရှိတယ်..မင်းကသာ ကိုယ့်မိန်းမ ဟုတ်လား...ပြီးတော့ ဗိုက်ထဲက ပိစိလေးလဲရှိသေးတယ်.."

သျှမ်က စဝ်စိုင်းခမ်၏ လည်ပင်းကို လက်တွေနှင့် ယှက်နွယ်ခါ ပြန်၍ သိုင်းဖတ်လာလေသည်..။

"ဟင်း.. အဲ့ပါးစပ် ပြောလည်း ပြောတက်တယ်နော်.."

"ကိုယ်ကဘယ်သူလဲ.. ခင်ဗျားလေး ယောက်ျားဘဲလေ.. မေ့နေပြီလား... "

"ဒီလိုယောက်ျားရှိတာနဲ့တင် ကျွန်တော် အန္တရာယ်တွေအကုန် မကြောက်တော့ဘူး.. ဦးတည်က ကျွန်တော့်စစ်သူကြီး.. ကျွန်တော်နဲ့ ကျွန်တော့် ကလေးလေးကို ကာကွယ်မှာမှလား..."

Reborn In 1900.s2 {Complete}Where stories live. Discover now