အပိုင်း (၁၁)

11.2K 990 9
                                    

Zaw...

"အရေးမပါတာတွေထပ်မပြောပါနဲ့တော့.. အဲ့တာတွေက အရေးပါတော့လို့လား.."

စိုင်းခမ်ရဲ့ အေးစက်စက် စကားတစ်ခွန်းအောက်မှာ သူ့အဖေက ငြိမ်သက်လို့...

"ဟား... အဖေ့ ဘက်ကအမှားမို့လို့ အဖေက သားကို အဲ့လိုမျိုး အမှားဘက်မရောက်အောင် သေချာထိန်းသိမ်းခဲ့တာဘဲလေ.."

"တော်ပါတော့ အဖေ ကျွန်တော့် ဒယ်ဒီ ဆုံးသွားရတာ အဖေ့ရဲ့ အရေးမပါတဲ့ အလုပ်တွေကို ဂရုစိုက်နေခဲ့လို့ ဒါတောင်မှ အဖေက အမှတ်သည်းခြေမရှိခဲ့ဘူး.. အခုလည်း ကျွန်တော့်ကို ချုပ်ချယ်နေပြန်ပြီလား...ပျော်ပါ.. အဲ့ဟာမနဲ့ဘဲ ပျော်ပျော်နေပြီ..အဲ့ဟာမရဲ့သားတွေကို အမွေအားလုံးပေးလိုက်ပါ..ကျွန်တော့်အဲ့တာတွေ မမက်မောဘူး ကျွန်တော့်ပညာနဲ့ ကျွန်တော် အသက်မွေးဝမ်းကျောင်းပြုမယ်"

"စဝ်..စဝ်စိုင်းခမ်.....မင်း.... မင်းကိုငါ ပညာတွေသင်ပေးခဲ့တာ မင်းဒီလောက်အထိဘဲ စဉ်းစားတက်သလားကွ ဟမ် ! "

"ပြီးတော့ ကျွန်တော်တို့ချစ်သူနှစ်ယောက်ရဲ့ ခွင့်ပြုချက်ကို အဖေ့ဆီက ခွင့်တောင်းဖို့မလိုဘူးထင်တယ်..."

သျှမ် တစ်ယောက် အူလည်လည်လေးနှင့် စိုင်းခမ်အားတစ်လှည့် စိုင်းခမ်၏အဖေအားတစ်လှည့် သေသေချာချာလိုက်လံအကဲခက်လို့....။ကြည့်ရတာတော့ ခွန်တို့ မိသားစုက ပြေလည်ပုံမရပေ... ။

အဓိကကတော့ ဒီဘက်ခေတ်က ဦးတည်ထံ၌ သာယာသော မိသားစုရှိမည်မထင်... နာကျင်မှုများစွာနဲ့ တိတ်တဆိတ် နေလာခဲ့ရသည်ထင်၏..။

သျှမ်က စိုင်းခမ်လက်ဖဝါးလေးအား ခပ်ဖြေးဖြေးဆုပ်ကိုင်တွဲလိုက်သောအခါ စိုင်းခမ်ရဲ့ ပုန်ကန်နေသော စကားတွေက တဖြေးဖြေးငြိမ်သက် သွားရင်း သျှမ့်အား ငုံ့ကြည့်လာသည်..။ ပြီးတော့ နှစ်လိုဖွယ် အပြုံးလေးတွေနှင့် ပြုံးပြလာသည်။

အဲ့နောက်မှာတော့ ကျွန်တော့်လက်ကိုတွဲခါ အိမ်ထဲမှ ပြန်ထွက်လာခဲ့လေတော့သည်..။

"လာ...."

"အဲ.. ခွင့်ပြုပါအုံး ဦး..."

ခွန့်ဖေဖေက ခေါင်းညှိမ့်ပြသည်... တော်သေးတာပေါ့ ကြားထဲ ကိုယ့်ကိုပါ ဒေါသမထွက်သွားလို့...

Reborn In 1900.s2 {Complete}Tempat cerita menjadi hidup. Temukan sekarang