( 13 )

2.4K 274 6
                                    

" စောအော်ဆိုတဲ့ နာမည်လေးကိုတော့ သဘောကျမိပါတယ် "

" ကိုယ်တော်က ရှောင်းသဘောမကျမှာ စိုးနေတာ "

" နာမည်လေးကကောင်းပါတယ် "

အရင်ဘဝက ရိကျန့်ဆိုတဲ့နာမည်လေးထက်စာရင် စောအော်လေးကို ပိုသဘောကျမိတယ်။

" ရှောင်းခံတွင်းပျက်နေတယ်ဆိုတော့ ဘာစားချင်လဲ "

" စားချင်စိတ်မရှိပါဘူးအရှင် "

" ဘာမှမစားလို့တော့မရဘူးလေ ကျန့်အာ ဒီဦးရီးတော်ကိိုပြော အိမ်တော်ကမုန့််တွေယူခိုင်းလိုက်ရမလား "

" ချဥ်တဲ့ဟာလေ လီမွန်သီးစားချင်တယ် "

" လီမွန်သီး ....? ရှောင်းကအရင်ကစားလို့လား "

" တူတော်မင်းကြီး အရင်ကကျန့်အာမစားပေမဲ့ အခုခံတွင်းပျက်နေတော့ အာသီသဖြစ်မိတာနေမှာပါ ဒီဦးရီးတော်ပြင်ခိုင်းလိုက်ပါ့မယ် "

ချန်ဦးရီးတော်က အထိန်းတော်ကို ပြင်ခိုင်းပြီး ကြင်ယာတော်စားတာကို ကြည့်နေတယ်။

အရင်ကဆို လီမွန်သီးရဲ့အနံ့ချဥ်ချဥ်ကိုတောင် မခံနိုင်တဲ့ကျန့်အာက အခုစားဖိုဆောင်ကပြင်ပေးလိုက်တဲ့ လီမွန်သီးဟင်းလျာကို ထိုင်စားနေတာ တူတော်မင်းကြီးနဲ့ ဒီဦးရီးတော်ရှိနေသေးတာ အမှတ်ရပါစ။

" စားလို့ကောင်းလား ရှောင်း "

" အွန်း အရှင်ယဲစားဘာယား "

ပါးစပ်ထဲပလုပ်ပလောင်းစားနေရင်း လက်ကလေးနဲ့ကာပြီး ပြန်ဖြေပုံကစကားပင်မပီချေတော့။

" ရှောင်းပဲ ဝအောင်စားပါ "

ခေါင်းလေးညိတ်ပြပြီး စားနေတာက ချစ်စဖွယ်။ ခဏပဲ ခဏပဲသည်းခံလိုက်ပါ။မကြာခင် ထိုက်တန်တဲ့နေရာရစေပါ့မယ်။

အတန်ကြာအောင် စားသောက်ပြီးနောက်မှာ သူဗိုက်ပြည့််သွားပြီး မအီမသာဖြစ်သွားတယ်။

" လမ်းလျှောက်ကြစို့ ရှောင်း "
ချန်ဦးရီးတော်ရယ် မင်းကြီးနဲ့ ကြင်ယာတော်ရယ် သုံးယောက်သား နွီလော်ပန်းတွေရှိတဲ့ ဘက်ကိုလျှောက်လာခဲ့ကြတယ်။

𝙇𝙚𝙜𝙚𝙣𝙙 𝙊𝙛 𝙓𝙞𝙖𝙤..... Where stories live. Discover now