( 8 )

2.8K 323 9
                                    

" ချန်...ချန်ဦးရီးတော် "

" ကျန့်လေး သတိရပြီလား "

ညပိုင်းရောက်နေပြီဖြစ်တဲ့ အချိန်ရောက်မှသာ ကျန့်နိုးလာတယ်။တစ်စစ်စ်ကိုက်နေတဲ့ ခေါင်းကို လက်နဲ့အသာထိန်းပြီး ဖြည်းဖြည်းချင်းထနေတဲ့ ကျန့်ကို ချန်ဦးရီးတော်က ကူတွဲပေးတယ်။သလွန်တော်ဘေးဘက်အခြမ်းမှာ ရေနွေးကြမ်းကို ဖြည်းဖြည်းချင်းသောက်နေတဲ့ ဝမ်မင်းကြီးက လှမ်းကြည့်ပြီး အပြင်ဘက်က ကုန်းကုန်းကို သမားတော်ခေါ်ဖို့ မိန့်တယ်။

" လျန်ကုန်းကုန်း သမားတော်ဆင့်ခေါ်ချည် "

" ဟုတ်ကဲ့ပါ အရှင်မင်းကြီး "

ပြီးမှ သလွန်တော်ဘေးကို လျှောက်လာတယ်။

" နေရတာဘယ်လိုလဲ သက်သာလား "

" ဟုတ်ကဲ့ သက်သာပါတယ် အရှင် "

" ခေါင်းရော ကိုက်နေသေးလားကျန့်လေး "

" နည်းနည်းပါ ချန်ဦးရီးတော် "

" အရှင်မင်းကြီး သမားတော်ရောက်ပါပြီ "

" ဝင်လာခိုင်းလိုက် "

" ဟုတ်ကဲ့ ဝင်ပါ သမားတော် "

သလွန်တော်ပေါ်ထိုင်နေတဲ့ ကျန့်ကို စစ်ဆေးရမဲ့သမားတော်ကြောင့် ချန်ဦးရီးတော်က အလိုက်တသိပဲ ထပေးလိုက်တယ်။

" ရက်အနည်းငယ်လောက် အနားယူလိုက်ရင် သက်သာသွားမှာပါ။ ကြင်ယာတော် ကျွန်တော်မျိုး ဆေးကျိုပေးပါ့မယ် "

" ကောင်းပြီ သမားတော်သွားလို့ရပြီ "

" ကြင်ယာတော် ကောင်းကောင်းအနားယူပါ။ ဒီကျွန်ကိုသွားခွင့်ပြုပါဦး "

" အင်း "

တိတ်ဆိတ်နေတဲ့ ဘုရင့်နန်းဆောင်။

" ဦးရီးတော်ချန် "

" ကျန့်လေး ဘာလဲ ဦးရီးတော်ကိုပြော "

" အဟင်း ဦးရီးတော် ညနက်တော့မယ် အိမ်တော်ကိုပြန်လိုက်ပါတော့ ကျန့်လေးသက်သာနေပါပြီ "

" ဒါပေမဲ့.... '

" ကိုယ်တော်ဂရုစိုက်လိုက်ပါ့မယ် ဦးရီးတော်သွားလို့ရပါပြီ "

𝙇𝙚𝙜𝙚𝙣𝙙 𝙊𝙛 𝙓𝙞𝙖𝙤..... Where stories live. Discover now