အပိုင်း ၃၁

2.7K 310 65
                                    

((Zawgyi))

အပိုင်း ၃၁

🍀🍀🍃

ဘေကျင်းရဲ့နွေဦးက ကျွန်တော်အနှစ်သက်ဆုံးရာသီဥတုမဟုတ်တော့ဘူး. ရေခဲတမျှအေးစက်​နေတဲ့လေတွေဟာ အရာအားလုံးကို သိမ်းကျုံးယူဆောင်သွားလို့ အရမ်းအထီးကျန်,ခြောက်ကပ်ကာ အသက်မဲ့နေတယ်.

ကျွန်တော် 'ချင့်ဟယ်' က တိုက်ခန်းကျဉ်းကျဉ်းလေးဆီ နောက်တစ်ကြိမ်ခြေချမိတယ်. အဲ့နေရာလေးဟာ အရမ်းသက်တောင့်သက်သာရှိသလို တစ်ချိန်တည်းမှာလည်း အရမ်းကို ကြောက်မက်ဖွယ်ကောင်း​နေတယ်. စားပွဲခုံပေါ်မှာ အဲ့ဒီနေ့မနက်က သူသောက်ထားတဲ့ ဖန်ခွက်လေးက ဒီအတိုင်းပဲ ရှိနေတယ်. အထဲမှာလည်း သူ မကုန်ဘဲကျန်တဲ့ ရေလေးတွေရှိ​နေသေးတယ်. ကျွန်တော် အဲ့ဒီဖန်ခွက်ကို မထိရဲဘူး....

ကျွန်တော် အိပ်ခန်းထဲကိုဝင်သွားတယ်. အဲ့ဒီမှာ သူ့ရဲ့ပစ္စည်းတွေအားလုံး တစ်ခုမကျန်အကုန်ရှိနေတယ်. ဒါပေမယ့် သူတို့ရဲ့ ပိုင်ရှင်က ဘာဖြစ်လို့ ပြန်မလာတော့တာလဲ? ကုတင်ပေါ်မှာ စောင်တွေကို သေသေချာချာခေါက်ထားတယ်. အဲ့ဒီတုန်းက ကျွန်တော်က အချိန်မရှိတော့လို့ စောင်တွေကို မခေါက်ဖို့ သူ့ကိုပြောခဲ့တယ်. ဒါပေမယ့် ကျွန်တော့်ရဲ့ ပွရှုပ်နေတဲ့ နေပုံထိုင်ပုံကို သူ သည်းမခံနိုင်ဘူးလို့ သူပြန်ပြောခဲ့တယ်..... ကျွန်တော်ဟာ ကုတင်ပေါ်မှာ ချွတ်ထားခဲ့တဲ့ သူ့ရဲ့ အဝတ်အစား​လေးတွေကို ကောက်လိုက်တယ်. အဝတ်အစားမှာ သူ့ရဲ့ ကိုယ်အနွေးဓာတ်လေးတွေ မရှိတော့ပေမယ့် သူ့ရဲ့ ကိုယ်သင်းနံ့လေးတွေက ကျန်ရစ်ခဲ့တယ်. ကျွန်တော်ဟာ ကုတင်ပေါ်ကို အရုပ်ကြိုးပြတ် ထိုင်ချလိုက်ကာ ကျွန်တော့်ခေါင်းကို သူ့အဝတ်အစားလေးတွေထဲမှာ နှစ်မြှုပ်ထားလိုက်တယ်. ကျွန်တော် ငိုချလိုက်တယ်. နောက်ဆုံးတော့ တကယ့်ရင်ထဲမှာရှိတဲ့အတိုင်း အားရအောင် ငိုချပစ်လိုက်တယ်..... ယောကျာ်းတစ်ယောက်ရဲ့
ရင်ကွဲမတတ် ငိုကြွေးမြည်းတမ်းသံတွေက အခန်းထဲမှာ ပဲ့တင်ထပ်သွားတယ်.........

ကျွန်တော်က ကျွန်တော်တို့ရဲ့ 'ချင့်ဟယ်' ကအိမ်လေးမှာလည်း မနေနိုင်ခဲ့ဘူး ပြီးတော့အမေ့အိမ်ကိုလည်း မပြန်ချင်တာကြောင့် အလုပ်က ရုံးခန်းထဲမှာပဲ တစ်ချိန်လုံးနေခဲ့တယ်

ဘေကျင်းပုံပြင် [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now