အပိုင်း ၁၆

1.5K 266 63
                                    

((Zawgyi))

အပိုင်း ၁၆🔞

🍀🍀🍃

ကျွန်တော်ဟာ မမျှော်လင့်ပဲ ဟောင်ကောင်နဲ့ ဟိုင်နန်ဘက်ကို ခရီးထွက်ရဖို့ဖြစ်လာခဲ့ပြီး လင်ကျင့်ဖျင်ဟာ ကျွန်တော့်ကို လေဆိပ်ထိလိုက်ပို့ခွင့်ပြုဖို့ အတင်းတောင်းဆိုခဲ့တယ်

"အပြင်ထွက်ရင်ဂရုစိုက်နော် ပြီးတော့ ဟောင်ကောင်မှာ ကားမောင်းတဲ့အခါလည်း ဂရုစိုက်ဦး"

သူမက ကျွန်တော့်ကို ညင်သာစွာပြောတယ်

"ကိစ္စမရှိပါဘူး. ကိုယ် အဲ့ဒီကို ခဏခဏသွားနေကျပဲ"

ကျွန်တော်က ရယ်​မောကာပြောတယ်

"သိပါတယ်!"

သူမက ခေါင်းလေးငိုက်ကာ အိတ်ထဲကနေ အနုစိတ်အလှဆင်ထားတဲ့သေတ္တာလေးတစ်လုံးကို ထုတ်လိုက်တယ်. အဲ့နောက် ကျွန်တော့်ကို မော့ကြည့်ပြီးပြောတယ်

"ဒါက ကျောက်စိမ်းတုံးလေး. တော်တော်ရှားတယ်. ပြီးတော့ အဲ့ဒါကို ဘုန်းတော်ကြီးတစ်ပါးကိုယ်တိုင် ကောင်းချီးပေးထားတာ. အဆိုးအညံ့တွေကိုပယ်ပြီး ဘေးအန္တရာယ်တွေကနေ ရှောင်ဖယ်စေနိုင်တဲ့အစွမ်းရှိတယ်တဲ့. ကျွန်မ ရှင့်ကို ဒါလေး ဆောင်သွားစေချင်တယ်"

သူမက အဲ့ဒါကို ကျွန်တော့်ဆီ ကမ်းပေးရင်းပြောတယ်

အဲ့ဒါက အတော်လေးလှတဲ့အစိမ်းရောင်ကျောက်စိမ်းတုံးလေး. ဘဲဥပုံစံနဲ့ အလယ်မှာ အသည်းပုံနဲ့ဆင်တဲ့ ခပ်ရေးရေး အနီရောင်သန်းနေတယ်. အနောက်ဘက်မှာ 'လင်' ဆိုတဲ့ စာလုံးသေးသေးလေးကို တင့်တယ်လှပစွာ ထွင်းထုထားတယ်. ဒါက ဘေးအန္တရာယ်တွေကနေ ရှောင်ဖယ်ပေးမပေးတော့ ကျွန်တော်မသိဘူး ဒါပေမယ့် လင်ကျင့်ဖျင်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော့်ရင်ကို ထိသွားစေတယ်

"ကျေးဇူးတင်ပါတယ်!"

ကျွန်တော် သူမရဲ့မျက်လုံးတွေကို ရီဝေစွာကြည့်ကာ သူမကို တင်းကြပ်စွာဖက်လိုက်တယ်

🍀🍀🍃

ဟောင်ကောင်ရောက်တော့ အဲ့ဒီကျောက်စိမ်းတုံးကို ကျောက်စိမ်းအရောင်းဆိုင်တစ်ခုဆီ ကျွန်တော် သွားပြခဲ့တယ်. ဆိုင်ရှင်က ဒီကျောက်စိမ်းက အလွန်တန်ဖိုးကြီးတဲ့ 'မြ' ကျောက်ဖြစ်ပြီး အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀၀ လောက်တန်ကြောင်းပြောခဲ့တယ်. ကျွန်တော် သူမကို တစ်ခါမှ ဒီလောက်တန်ဖိုးကြီးတဲ့ လက်ဆောင်မျိုးမပေးခဲ့ဖူးဘူး. ဒါပေမယ့် သူမက ကျွန်တော့်ကို ဒီလိုအဖိုးတန်တဲ့ ကျောက်စိမ်းတုံးကို ပေးခဲ့တယ်. ကျွန်တော် လျိုကျန့်ပြောတဲ့ လင်ကျင့်ဖျင်အပေါ်ထင်မြင်ချက်ကို သွား​ပြီး သတိရတယ်: သူမက ယောကျာ်းတစ်ယောက်အနေနဲ့ မငြင်းဆန်နိုင်တဲ့ မိန်းမတစ်ယောက်ပဲ.

ဘေကျင်းပုံပြင် [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now