အပိုင်း ၂၇

1.4K 250 19
                                    

((Zawgyi))

အပိုင်း ၂၇

🍀🍀🍃

ကျွန်တော် ရဲစခန်းဌာနခွဲတစ်ခုမှာ အကျဉ်းချခံရတယ်. နောက်ပြီး ကျွန်တော့်ကို အချက်အလက်တွေနဲ့ ချေပလွှာ ရေးတင်ဖို့ တာဝန်ပေးခဲ့တယ်. အခြေအနေတွေက အစပိုင်းမှာ ဆိုးရွား​ပုံရတယ်

ကျွန်တော် သေဒဏ်ပေးခံရနိုင်တယ်. ကျွန်တော်​ဟာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘဝကြီးတစ်ခုလုံးကို ကိုယ့်ဟာကိုယ် ပြန်လည်သုံးသပ်မိတယ်. ကျွန်တော် မကောင်းတာတွေ အများကြီးလုပ်ခဲ့တယ်. ဒါကြောင့်မို့ ကျွန်တော်ဒီလိုဖြစ်ရတာ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပါပဲ. ဒါပေမယ့် မတရားတာကတော့, ကျွန်တော်ထက် ပိုပြီး ယုတ်မာတဲ့လူတွေ အများကြီးရှိတယ်. ပြီးတော့ သူတို့က လူပေါင်းများစွာထက် ပိုပြီးကောင်းမွန်စွာ နေနေကြတယ်.

အဲ့ဒီအချိန်မှာ ကျွန်တော်စိတ်ထဲ တွေးမိတာက အမေနဲ့ လန်ယွီပဲ

အထူးသဖြင့် အမေ့ကိုပေါ့. အမေသာ ကျွန်တော်သေသွားတဲ့ နာ​ရေးသတင်းကိုကြားရင် ဘယ်လိုဖြစ်သွားမလဲ? ကျွန်တော် လန်ယွီနဲ့ပတ်သတ်ပြီး သိပ်မစိုးရိမ်ခဲ့ဘူး. သူနဲ့ပတ်သတ်ရင် ကျွန်တော် နောင်တသာရမိတယ်. သူက ကျွန်တော်ဘဝရဲ့ တစ်ခုတည်းသော အချစ်ပဲ. ဒါပေမယ့် သူက နားမလည်ခဲ့ဘူး. ပြီးတော့ သူ ကျွန်တော်ကို ဘယ်တုန်းကမှ ချစ်တယ်လို့ မပြောခဲ့ဘူး. ကျွန်တော်ဟာ လိင်တူချစ်ခင်နှစ်သက်သူဖြစ်ပါစေ လိင်ကွဲချစ်ခင်နှစ်သက်သူပဲဖြစ်ပါစေ ကိုယ့်ကိုယ်ကို ဘာမှထပ်ပြီး စိုးရိမ်ပူပန်မ​နေတော့ဘူး. သေခြင်းတရားနဲ့ မျက်နှာချင်းဆိုင်ရချိန်မှာ ဒါက အသေးအမွှားကိစ္စလေးတစ်ခုပဲ. တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေနဲ့ အပြန်အလှန်အပေးအယူရှိခြင်းကသာ အထိုက်တန်ဆုံးနဲ့ အသင့်လျော်ဆုံး တန်ဖိုးထားသင့်တဲ့အရာ ဖြစ်တယ်. သိပ်မကြာခင်မှာပဲ ကျွန်တော်ဟာ ပိုကောင်းတဲ့ အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်. ရှေ့နေက ဒီအမှုက အချိန်အကြာကြီးဆက်ပြီး ရင်ဆိုင်ရနိုင်ချေရှိတယ်လို့ ကျွန်တော့်ကို ပြောခဲ့တယ်. ကျွန်တော် ဘာလို့ အဖမ်းခံရသလဲဆိုတော့ အထက်လူကြီးတွေကြားမှာ လုပ်ပိုင်ခွင့်အာဏာနဲ့ အချင်းချင်း ပြိုင်ဆိုင်မှုတွေရှိနေလို့ပဲ. ကျွန်တော်က နှစ်ဖက်အားပြိုင်မှုကြားက မြေစာပင်သက်သက်သာ ဖြစ်တယ်. အစပိုင်းတော့ ကျွန်တော့်ဆီမှာ အဲ့ဒီညံဖျင်းတဲ့ ရှေ့နေတစ်ယောက်ကလွဲရင် ဘယ်သူမှ မရှိခဲ့ဘူး. နောက်တော့ ကျွန်တော် လျိုလျန့်ကို တွေ့ခဲ့တယ်

ဘေကျင်းပုံပြင် [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now