"မင်း.. ငါ့ကို အာခံတာလား.. မင်းရဲ့ ဝတ္ထုဆန်တဲ့ အတွေးတွေကို ပြန်ယူသွားလိုက် ဟေ့ကောင်.. "
..."အန်ကယ်... အမွှေစိန်ပြောနေတာတွေက အမှန်ပါ.."
ငြိမ်သက်သော စိုင်းခမ်ရဲ့ စကားအောက်မှာ ဒယ်ဒီပုံစံက တွေဝေထွေပြားနေသည်။
"သားက ဘာလို့လိမ်ရမှာလဲ.. သားရဲ့စကားတွေကိုရော ဒယ်ဒီဘယ်တုန်းက နားထောင်ပေးဖူးလို့လဲ ဒယ်ဒီသိတာ သားဘာလုပ်လုပ် အမြဲကန့်ကွပ်ဖို့ဘဲမှလား..."
ဦးမင်းသီဟ အရုပ်ကြိုးပျက်စွာ ဆိုဖာပေါ် ပြန်ပြုတ်ကျလေသည်.. မျက်နှာပေါ်က မျက်မှန်ကြီးအားဆွဲခွာယူရင်း သက်ပြင်းတစ်ချက်ရှိက်၏..။
"မင်းတို့ပြောနေတာတွေ အမှန်ဟုတ်မဟုတ် ငါဘယ်လိုယုံရမလဲ ..."
ထိုအခါသျှမ်က သူ့အင်္ကျီအိတ်ကပ်ထဲက အဝါရောင်နှင့် နံနွင်းဘက်ယှက်ပြေးသော စာရွက်နဲ့ဓါတ်ပုံအားထုတ်ပြခါ ဒယ်ဒီ့ရှေ့ထိုးပေးသည်..။ဒယ်ဒီက မယုံသင်္ကာနဲ့ သျှမ်တို့အား တစ်ချက်လှမ်းကြည့်သည်..။မာမီကပါ စာရွက်နှင့်ဓာတ်ပုံအား ဝင်ခါ ငုံ့ကြည့်သည်..။
မျက်နှာပျက်သွားသော ဒယ်ဒိ့အမူအရာ....
"ဒီစာရွက်လေးတစ်ရွက် ဓာတ်ပုံကလေးတစ်ပုံနဲ့ ယုံမယ်ထင်လို့လား..ဟားဟား.."
ဒယ်ဒီ ယုံချင်နေပေမဲ့လည်း မယုံရဲတာသေချာသည်.. ဒါမျိုးကြီးက သူ့ဘဝမှာ တစ်ခါမှ မကြုံဖူးလို့ဆိုရင် ဖြစ်ကောင်း ဖြစ်နိုင်သည်..။မာမီ့မှာတော့ ယောင်နနရယ်သာ...
"မယုံတာ ဒယ်ဒီ့အပိုင်း.. သားတို့ သက်သေပြပြီးပြီ.."
.."အန်ကယ်.. စာရွက်တစ်ရွက်ပေမဲ့ လူတယောက်ရဲ့ စိတ်ဝိညာည်တွေကိုပါ ထည့်ရေးထားတာမို့လို့ မလှောင်ပါနဲ့ ကျွန်တော်တို့အချစ်တွေ နောပ်ထပ်အဆုံးသတ်သွားမှာမဟုတ်ဘူး...."
ဒယ်ဒီ ထိုင်ရာမှ ထထွက်ခါ သူတို့တွေအား ကျောပေးထားလိုက်သည်..။
"မင်းတို့ လုပ်ချင်တာသာလုပ် ပြီးမှ ဒုက္ခကြုံရင် ဒီလူအိုကြီးဆီ ပြေးမလာခဲ့နဲ့..."
သဘောက ခွင့်ပြုလိုက်ပြီမို့ မာမီအပါအဝင် ကျွန်တော်တို့ပါ အလွန်ပျော်ရွှင်ခဲ့ရသည်...
အပိုင်း (၁၀)
Start from the beginning