4🍑

629 65 19
                                    

Unicode

*ဒေါက် ဒေါက်*

Jungkookကုတင်ပေါ်မှာလှဲ၍စာဖတ်နေရာကနေတံခါးခေါက်သံကြောင့်စာအုပ်ကိုမှောက်ကာသွားကြည့်ရသည်။

"Jeon Jung Kook လားမသိဘူး"

"ဟုတ်ပါတယ် ကျွန်တော်ပါ"

"လူကြီးမင်းအတွက် Reception မှာလာထားသွားတာပါ"

"ကျေးဇူးပါ"

ဟိုတယ်ဝန်ထမ်းလေးက သူ့လက်ထဲကိုစာအိတ်လေးတစ်ခုထည့်ပေးလာသည်။တံခါးပိိတ်ကာခုံမှာထိုင်ရင်းစာအိတ်ကိုဖွင့်ကြည့်လိုက်သည်။

"Jungkookie မေမေ့သားလေးဒီစာကိုဖတ်နေတဲ့အချိန် မေမေကဒီလောကမှာမရှိလောက်တော့ဘူး"

နဲ့အစချီသောမေမေ့စာသည်သူ့လက်ထဲသို့ရောက်ရှိလာခဲ့သည်။မေမေကသူရောဂါဖြစ်နေတာကိုကြိုသိခဲ့သောပုံပင်။သူ့အတွက်ဒီစာကိုရေးသွားခဲ့ရှာသည်။

"သားကဒီကမ္ဘာမှာမေမေ့အတွက်တော့ချစ်ဖို့အကောင်းဆုံးကလေးပါ  မေ့မေ့အချစ်ဆုံးကလေးလေး မေမေထွက်သွားရင်လဲအများကြီးမငိုရဘူးနော်  သားDaddyကိုလဲမမုန်းရဘူး သားDaddy ကသားကိုချစ်ပါတယ် သားဘေးနားမှာသားကိုချစ်တဲ့လူတွေအများကြီးရှိတယ်ဆိုတာသားသိထားပေးနော် မေမေမှာချင်တာက Jiminnie နဲ့သားလက်ထပ်ဖို့ပဲ သားJiminnie ကိုချစ်တာမေမေသိတာပေါ့  Jiminnie ကိုအပိုင်လိုချင်တယ်လို့သားပြောဖူးတယ်လေ ကလေးလေးကလဲသားအပေါ်ကိုသိပ်ချစ်ရှာတယ် မေမေတော့သားတို့နှစ်ယောက်လုံးကိုတစ်သက်လုံးတူတူရှိသွားစေချင်တယ် Jiminnie နဲ့တူတူရှိနေတိုင်းသားမျက်လုံးတွေကကြယ်တွေအတိုင်းတောက်ပနေတာပဲ Jiminnie နဲ့သာဆိုသားပျော်ရွှင်နိုင်မယ်လို့မေမေယုံကြည်တယ် Jiminnie ကသားကိုမေတ္တာတွေအလုံအလောက်ပေးနိုင်မယ်လို့မေမေယုံတယ် တကယ်လို့သားချစ်တဲ့သူတွေ့လာခဲ့ရင်လဲ Jiminnie လက်ထပ်ဖို့မေမေမတိုက်တွန်းပါဘူး သားသဘောကိုမေမေအပြည့်အဝလေးစားတယ် မေမေမှာချင်တာဒီလောက်ပဲ Jungkookie ကိုမေမေကအများကြီးချစ်တယ်နော် မေမေ့မေတ္တာတွေခြုံလို့နွေးပါစေ"

ဒီစာကိုလာထားသွားတာ Daddy ကလွဲပြီးဘယ်သူဖြစ်နိုင်ဦးမှာလဲ။သူကမေမေဆုံးပြီးတာနဲ့နိုင်ငံခြားထွက်သွားတာမို့ မေမေသူ့အတွက်စာထားခဲ့တယ်ဆိုတာမသိလိုက်ပေ။

You've reached the end of published parts.

⏰ Last updated: Oct 27, 2021 ⏰

Add this story to your Library to get notified about new parts!

Rewrite The StarsWhere stories live. Discover now