3🍑

497 74 6
                                    

Unicode

"ဒီအတောအတွင်း အဆင်ပြေရဲ့လား"

Jiminဖြတ်ကနဲမော့ကြည့်မိလိုက်သည်။အဆင်ပြေရဲ့လား အဆင်ပြေရဲ့လားတဲ့။ဘယ်လိုဖြေရမှန်းမသိခဲ့ပါ။သူအဆင်ပြေနေခဲ့တာလား အဆင်မပြေခဲ့ဘူးလား။ကိုကိုသူဘေးကထွက်ခွာသွားတဲ့အချိန်တွေမှာ သူအဆင်ပြေသလိုထင်ရပေမဲ့ တကယ်တမ်းတော့မဟုတ်ခဲ့ဘူး။ ၁၃နှစ်ကလေးတစ်ယောက်ရဲ့ကစားဖော်ပျောက်သွားလို့လွမ်းခြင်းမျိုးမဟုတ်ဘဲ နှလုံးသားထဲကနာနာကျင်ကျင်နဲ့ကိုကမ္ဘာပျက်ခဲ့တာပါ။

"ဗျာ.. အင်း..ပြေတယ်ပဲဆိုပါတော့"

မပြေခဲ့ပါဘူးခင်ဗျားရယ်။ဟန်ဆောင်နေခဲ့တာပါ။အဆင်ပြေပါတယ်ဆိုပြီးဟန်ဆောင်နေခဲ့တာပါ။၅နှစ်အရွယ်ကျွန်တော့်ဘဝထဲကို "ကိုကို"ကမဖိတ်ခေါ်ပါပဲနဲ့ဝင်ရောက်လာခဲ့တယ်။​အိမ်အသစ်ကလေးကိုပြောင်းရတဲ့အပြင် မိုးလောက်ကြီးချောတဲ့ကိုကို့ ကိုပါပိုင်ဆိုင်ခွင့်ရလို့ သိပ်ပျော်ခဲ့တာပါ။ ကိုကိုကသူ့ကိုအမြဲဂရုစိုက်တယ်။အလျှော့ပေးတယ်။သည်းခံတယ်။သူ့အလိုကျအကုန်လိုက်လုပ်ပေးခဲ့တယ်။

"ကြီးလာရင်ဘယ်ကောင်မလေးနဲ့လက်ထပ်မှာလဲ"ဆိုတဲ့မေမေ့ အမေးကို သူ့အပေါ်ဂရုစိုက်ပေးလွန်းတဲ့ကိုကို့ကိုပဲအပိုင်လိုချင်ခဲ့လို့ "သားကကိုကိုနဲ့ပဲလက်ထပ်မှာ"ဆိုပြီးကလေးအတွေးနဲ့ဖြေခဲ့ဖူးတယ်။ရုတ်တရက်ကြီးကိုကိုဘေးကထွက်သွားခဲ့တယ်။ကျွန်တော့်ကမ္ဘာပြိုခဲ့တယ် ကိုကို။ကိုကိုကသူ့ကိုနှုတ်မဆက်ဘဲထွက်သွားခဲ့တယ်။ လွမ်းဖျားတစ်ပတ်လောက်ဖျားခဲ့တဲ့အကြောင်းတော့ထည့်မပြောတော့ဘူး။ကိုကိုထွက်သွားတဲ့အချိန်ထဲကနားလည်ခဲ့တာပါ။ကျွန်တော်ကိုကို့ကိုချစ်နေခဲ့တာကိုလေ။အစ်ကိုတစ်ယောက်လိုမဟုတ်ဘဲ ချစ်သူတစ်ယောက်လိုလေနှလုံးသားရဲ့အောက်ခြေကနေနက်နက်ရှိုင်းရှိုင်းကိုချစ်တာပါ။အလယ်တန်း အထက်တန်း တက္ကသိုလ်ကျောင်းသားဖြစ်တဲ့အချိန်ထိ ကိုကိုတစ်ယောက်ထဲကိုတမ်းတနေဆဲ။သေသေချာချာနားလည်ခဲ့တာက  ကိုကိုမှ မဟုတ်ရင်မဖြစ်ဘူးဆိုတာ~~

နေနိုင်တဲ့ကိုကိုကတစ်ချက်မှမဆက်သွယ်ခဲ့ပေမဲ့သူအပြစ်မတင်ရက်ခဲ့ပါ။ကိုကိုလဲ ခက်ခဲမှာကိုသိတာမလို့။ဟိုက နှုတ်ခမ်းနီမလေးတွေနဲ့များချစ်သွားမလား။ကိုကိုဒီကိုပြန်မလာတော့ဘူးလား။ကိုကို ကျွန်တော့်ကိုမေ့သွားပြီလား။အဲ့ဒီအတွေးတွေနဲ့အအိပ်ပျက်ညတွေများခဲ့တာခင်ဗျားသိမှာမဟုတ်ပါဘူးလေ။

Rewrite The StarsOn viuen les histories. Descobreix ara