secret of Mind

3.5K 477 8
                                    

အိပ်မောကျနေတဲ့ကောင်လေးကို မွေ့ယာပေါ်အသာအယာချပေးပြီး...နဖူးပေ​ါ်ဝဲကျနေတဲ့ ပျော့ပျော့အိအိ ရွှေရောင်ဆံနွယ်တွေကို သပ်တင်ပေးလိုက်တော့..ရှင်းလင်းစွာပေါ်လာတဲ့ နဖူးပြင်လေးကို အသာယာအနူးညံ့ဆုံး အနမ်းတစ်ပွင့် ခြွေလိုက်တော့ အနည်းငယ်သာ  လူးလွန့်ပြီး ပြန်ငြိမ်သက်သွားသည်။

ဒါဟာ..မတရားဘူးမှန်းသိပေမယ့်..ကိုယ့်ကိုခွင့်လွှတ်ပ​ါhoney~~အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးမလား...ပြီးတော့ ကိုယ်ယုံကြည်တယ်...မင်းလည်း ကိုယ့်ကို ချစ်လာလိမ့်မယ်ဆိုတာ...အခုတော့....ကိုယ်ဖန်ဆင်းထားတဲ့ သီးသန့်ကမ္ဘာငယ်လေးမှာ အေးချမ်းစွာ အနားယူပါ..ကိုယ့်အချစ်လေး~~~

***မင်းရဲ့ မှတ်ဥာဏ်တချို့ကိုပြောင်းလဲခွင့်ပြုပါhoney~~~****

အိပ်ဆောင်ထဲက ထွက်လာတော့~~~
မဖိတ်ခေါ်ပ​ါဘဲ ရောက်လာပြန်သော ဧည့်သည်တော်...medusa!!!..

ခြေဖျားထိဖုံးသော အနက်ရောင်ဇာအနားကွပ်များပါသည့် ရင်ပြတ် ဂါဝန်အရှည်ကြီးကိုဝတ်ဆင်ထားပြီး..ခါးအလည်၌ ရွှေရောင်မြွေနှစ်ကောင် ရစ်ပတ်နေဟန် ခါးစည်းရယ်..လက်မောင်းနှင့် လည်တိုင်၌ မြွေများဖြင့်ရစ်ပတ်ထားသည်..။သူမခေါင်း၌မူ တွန့်လိမ်ရှုပ်ထွေးနေသောမြွေအရှင်များက ပါးပြင်းတစ်ထောင်ထောင်နှင့် နေရာယူထားသည်..။

"နင်...လူသားကောင်လေး တစ်ယောက်ကို ခေါ်လာတယ်ဆို!!.."

ကျောခိုင်းလျက်မှဆိုလာသော သူမ...

"Omm!!!..အဲ့တာဘာဖြစ်လို့လဲ?!!!.."

"ဖြစ်လာမယ့် အကျိုးဆက်တွေကို နင်သိလိုက်သားနဲ့!!..ဘာလို့အရူးလိုမျိုးလျှောက်လုပ်နေရတာလဲ..?"

စိုးရိမ်မှုများရောနှောနေသော စကားသံအရ သူမ အမှန်တကယ်ပင် စိတ်ပူနေမှန်းသိသာစေသည်...

"အရမ်းမစိုးရိမ်ပါနဲ့!!...ငါကဘယ်သူမို့လို့လဲ..?"

"ဒါပေမယ့်...ငါက..နင့်အတွက်....!!!"

"Hey...ငါ့ကိုဘယ်သူ့မှ ကန့်ကွက်လို့မရဘူးဆိုတာ နင်မေ့သွားပြီလား..medusa!!..ငါအခုနားချင်နေပြီ!!..မင်းပြန်လိုက်ပါတော့...?"

BRIDE OF HELL(Complete)Where stories live. Discover now