မျက်လုံးထက်မှာ မျက်ရည်ကြည်တွေဝေ့သီနေပြီး မာမီ့အကြောင်းတွေပြန်ပြောပြနေတဲ့ ဒယ်ဒီ့မျက်၀န်းထဲမှာ မြတ်နိုးမှုတွေကအတိုင်းသား...။

"မာမီ့ကိုအဲ့လောက်တောင်ချစ်ခဲ့တာလား"

"ချစ်ခဲ့တာထက်ပိုတဲ့ အတိုင်းအစမရှိတဲ့မြတ်နိုးမှုတွေနဲ့မြတ်နိုးခဲ့တာပါသားရယ် အရာအားလုံးနဲ့ရွေးချယ်ရမယ်ဆိုရင်တောင် မင်းမာမီကိုဘဲရွေးချယ်မယ့်အထိ မြတ်နိုးခဲ့တာပါ"

"ဒယ်ဒီ နဲ့ မာမီကကျွန်တော့်အတွက်တော့စံပြပုဂ္ဂိုလ်တွေပါ"

"ဒယ်ဒီဘာလို့ဒီအကြောင်းတွေပြန်ပြောပြနေရလဲ သိလားသား...။ သားကိုလည်းကျန်နေတဲ့ဘ၀တစ်လျှောက်လုံး အချစ်တွေအပြည့်နဲ့အေးအေးချမ်းချမ်းဖြတ်သွားစေချင်တာ အဖေတစ်ယောက်ရဲ့အတ္တလို့ဘဲဆိုမလား....ဒါပေမယ့်ငါ့သားစိတ်ချမ်းသာရင်ရပြီမို့လို့ သားကြိုက်တာသာလုပ် ဒယ်ဒီကမဖြစ်ဖြစ်အောင်လုပ်ပေးမယ်"

"ကျေးဇူးတင်ပါတယ်ဒယ်ဒီ တကယ်ကျေးဇူးပါတယ် ရှေးဘ၀ကကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့လို့ ဒီဘ၀မှာဒယ်ဒီတို့သားဖြစ်ရတာထင်တယ် နားလည်ပေးလို့ကျေးဇူးပါဒယ်ဒီ"

"မလိုပါဘူးသားရယ် သားနောင်တမရမှာသေချာရင် ဘာမဆိုဒယ်ဒီတားဖို့စိတ်ကူးမရှိဘူး"

"မာမီသာရှိရင်ရောလက်ခံပါ့မလား"

"သားမာမီလည်းကောင်းကင်ပေါ်ကနေစောင့်ကြည့်နေမှာပါ"

"သားလက်ထပ်ပြီးရင် ဒီအိမ်မှာဘဲနေပါ ဒယ်ဒီကတော့ သားကိုစိတ်ချပြီးသားမာမီအငွေ့အသက်တွေရှိတဲ့ မွေးရပ်မြေမှာဘဲ ပြန်အခြေချပြီး အဲ့မှာဘဲခေါင်းချတော့မယ်"

"အဲ့လောက်မြန်မြန်ကြီး...."

"အစောကတည်းကစဥ်းစားပြီးသားပါကွာ....ဒယ်ဒီ့ကိုစိတ်မပူပါနဲ့ နောက်အပတ် သားကို CEO ရာထူးလွှဲပြောင်းပေးလိုက်တော့မယ်"

"ဒယ်ဒီအဆင်ပြေရင်ရပါပြီ....။"

"ကဲ သားသွားနာချင်သွားနာတော့ ဒယ်ဒီကတော့ဒီပန်းခင်းထဲခဏတဖြုတ်လောက်နေလိုက်ဦးမယ်"

LOVER = LO$ER //Complete//Where stories live. Discover now