"အော် အဟွတ် ဟွတ် မေမေထယ်လေးကကလေးကြနေတာဘဲ aigoo မငိုပါနဲ့သားရယ်"
ပြောကာမှအမေကိုကြည့်ကာမျက်ရည်တွေပိုကြလာတဲ့ထယ်

"သားအပြင်လေး ခ ခဏထွက်ပေးပါလား အမေသမီးနဲ့စကားပြောချင်လို့

"ဟုတ် အမေ"

"အမေ သ...သမီးကိုလေတစ်ခုလောက်ပြောချင်လို့"

"ဟုတ် အမေပြောလေ သမီးနားထောင်နေတယ်"

"သမီး အမေ တောင်းပ...တောင်းပန်ပါတယ်နော်" အဲ့လိုပြောပြီးငြိမ်ကြသွား၏

"ဟမ်အမေဘာကိုတောင်းပန်တာလည်း အမေ အမေ"
အမေကိုလည်းခေါ်လို့မရသောကြောင့်
"ကိုကြီးရေ ကိုကြီးအမေခေါ်မရတော့ဘူးလုပ်ပါဦး!"

"အကို ဆရာဝန်သွားခေါ်လိုက်မယ်"

ဆရာဝန်တွေကိုသွား‌ ခေါ်ပြီးထယ်အမြန်ရောက်လာသည် ဆရာဝန်တွေကအခြေအနေကိုစစ်ဆေးလိုက်ရင်း
"စိတ်တော့မကောင်းပါဘူး လူနာကအသက်မရှိတော့ဘူး"
ဆရာဝန်အခန်းထဲက ထိုသို့ပြောပြီးထွက်သွားပြီးနောက်
အမေကိုကြည့်ပြီးငိုနေတဲ့ဆိုမီရယ် ကြမ်းပြင်ပေါ်အရုပ်ကြိုးပျက်လိုထိုင်ချပြီးငိုနေတဲ့ထယ်ရယ်

သားတို့မှာအမေဘဲရှိတော့တာလေ အမေကပါကျွန်တော်တို့ကိုထားခဲ့ပြီလား။

_ _ _ _ _ _ _ _ _ _ _ _ _ _ _

အမေဆုံးပြီးတော့အိမ်မှာကျွန်‌တော် တို့နှစ်ယောက်ထဲ ကျွန်တော်ကတော့ကျောင်းတဖက်part time jobတစ်ဖက်လုပ်ရင်းကျောင်းတက်ရတယ်

ဆိုမီကအမေဆုံးပြီးထဲကအစားအသောက်လည်းသေချာမစားတော့ဘူး အခန်းတွင်းအောင်းနေတာကျောင်းမတက်တာလည်း နှစ်ပတ်လောက်ရှိတော့မယ် တော်သေးတာပေါ့ သူ့သူငယ်ချင်းဂျီယောင်းကစာတွေကူပေးထားလို့။

ဒေါက် ဒေါက်
"ဆိုမီ အကိုဝင်လာခဲ့မယ်နော်"

"ဟုတ်"

"ညီမလေး အခုတလောအစားလည်းသေချာမစားဘူးနော် ကျောင်းမတက်တာလည်းနှစ်ပတ်ဖြစ်တော့. . .

စကားတောင်မဆုံးသေးဘူး သူကိုဖက်ပြီး ဆိုမီ ငိုချတော့တယ်
"အမေ ကိုအရမ်းသတိရတာဘဲ" တိုးညှင်းသောအသံဖြင့်

"အကိုရောဘဲ ဒါပေမဲ့ ညီမရှိမှာအကိုတစ်ယောက်လုံးရှိတယ်"

"အင်း" ဆိုပြီးဖက်ပြီးငိုနေပြန်တဲ့ဆိုမီ

ထယ်သူခေါင်းလေးကိုပုတ်ပေးကာ
အခုဆိုငါမှာမိသားစုဝင်ဆိုလို့ညီမလေးတစ်ယောက်ဘဲရှိတော့တာ
ငါညီမလေးကိုအစွမ်းကုန်စောင့်ရှောက်မယ်။

အကိုကကျောင်းသွားဆိုလို့သာ လာရပေ့မဲ့ တကယ်ဆိုစိတ်လေးလံပြီးမသွားချင်ဘူး

"ဆိုမီကျောင်းတက်ပြီလား အဆင်ပြေရဲ့လား"

"အင်းပြေပါတယ်"

"နင်ကြည့်ရတာပိန်သွားသလိုဘဲ"

"မဟုတ်ပါဘူး မပိန်ပါဘူး"

"ဆိုမီကျောင်းလာတက်ပြီလား"

"ဟုတ် အကိုနမ်ဂျွန်း"

"ဆိုမီကိုဒီစကားပြောရမှာ အားနာလိုက်တာ"

"ဘာဖြစ်လို့လည်း အကိုနမ်ဂျွန်းရဲ့ပြောပါ"

"ဟိုဂျောင်ကု နောက်နေ့ကျောင်းပိတ်ရက် ဆိုမီတို့အိမ်နားကပန်းခြံမှာလာတွေ့ပါလားတဲ့"

ဟင် ဘာလို့အကိုကရုတ်တရက်ကြီးတွေ့ချင်ရတာလည်း
သွားတွေ့လိုက်ရင်ကောင်းမလား အင်းသွားတွေ့လိုက်ပါမယ်လေ

"ဟုတ် ညီမလာခဲ့မယ်လို့"

"ဟုတ်ပြီ ညီမအကိုပြောလိုက်မယ်နော်"

နမ်ဂျွန်းထွက်သွားပြီးနောက်

"ဟိုက ဘာပြောမလို့လည်းမသိဘူး အေဟေ့ငါသူငယ်ချင်းလေးစွံတော့မှာလားမသိဘူး"

"နင်ကလည်းပေါက်ကရတွေ"

"အခုမှပြုံးတော့တယ် လာအတန်းသွားတက်မယ်"

"LIE"Where stories live. Discover now