"ဒီတစ်ခါတော့ ကိုယ် မင်းကို အဆုံရှုံးမခံနိုင်တော့ဘူး "
Alex Zeroကို ဖက်ထားရင်း တီးတိုးပြောဆို လိုက်တယ်။ Zero ကလည်း Alex စိတ်တိုင်းကျ နေထိုင်ပေးလေတယ်။ Alex စိတ်ထဲ ဘာတွေဖြစ်နေလည်း သူသေချာမသိပေမယ့် သူ့ချစ်သူ တစ်ခုခု စိတ်ပိုင်းဖြတ်လိုက်မှန်းတော့ သိလေတယ်။
"ကောင်းကောင်းအနားယူဖို့  လိုအပ်နေသေးတယ် ပြီးမှ ကိုကို တာဝန်တွေကို ပြန်ထမ်းဆောင်ပါ "
"အင်း ကိုယ် Banနဲ့ သွားတွေ့ လိုက်အုံးမယ် အပြန် ညစာ ယူပေးခဲ့မယ်"
ပြောပြီး နဖူးပြင်ကို နမ်းကာ ထွက်သွားတဲ့ သူကို ကြည့်ကာသက်ပြင်းချမိတယ်။ ဘာက မှားနေလဲ တစ်ခုခုတော့ မှား နေတာ ကို Zero သတိထားမိလေတယ်။
Zeroလည်း Alex ကိုယ် ကို စစ်ဆေးထားတဲ့အချက်အလက်တွေကို ပြန်ကြည့်နေလိုက်တယ်။ အချိန်တော်ကြာတော့ Zero ငိုက်မျဉ်းလာကာ စားပွဲခုံပေါ်တွင် အိပ်ပျော်သွားလေတော့တယ်။ Alex Zeroတွက် ညစာ ယူလာခဲ့ပေမယ့် သူရောက်တဲ့အချိန် အိပ်ပျော်နေသည်ကို တွေ့ လိုက်ရတယ်။ ပွေ့ ချီလိုက်ကာ ကုတင်ပေါ် တင်ပေးလိုက်ပြီး အတော်ကြာ မျက်နှာလေးကို လက်ချောင်းတွေနဲ့  ထိတွေ့ ရင်း ကြည့်နေမိတယ်။
"ကိုယ် အရင်ဘဝကလို ဖြစ်သွားခဲ့ရင် မင်းက ဘယ်လိုမြင်လဲ ကိုယ်ကြောက်မိတယ် ဒါပေမယ့် ကိုယ်ဘေးနား မင်းမရှိမှာ ပိုကြောက်မိတယ်"
Alex အိပ်ပျော်နေသူလေးရဲ့  နူတ်ခမ်းထွေးထွေးလေးကို တစ်လွှာချင်း စုပ်ယူနမ်းရှိုက်လိုက်တယ်။ အနည်းငယ် ကြမ်းတမ်းနေတာတောင် နိုးမလာတဲ့သူ လေးဟာ ပင်ပန်းနေမှန်း သိသာနေလေတယ်။ Alex Zeroကို ရင်ခွင်ထဲထည့်ကာ အိပ်စက်လိုက်လေတယ်။ Alex အိပ်ပျော်သွားတဲ့အချိန် Zeroရဲ့  မျက်လုံးတွေ ပွင့်လာကာ Alexကို ကြည့်နေရင်း ပြုံးလိုက်ကာ ရင်ခွင်ထဲ ပြန်တိုးဝင်ရင်း Alex ရင် ဘတ်ကို နူတ်ခမ်းတွေနဲ့ ထိကပ်နမ်းလိုက်ရင်း ပြန်လည်အိပ်စက်လိုက်လေတော့တယ်။
အားလုံးပဲ နိုင်ငံရေးအခြေအနေကို သိပြီးလောက်ရောပေါ့
ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ အန္တရာယ်ကင်းနေအောင် နေကြပါ ကျန်းမာရေးလည်း ဂရုစိုက်ကြပါ တရားစစ်ပွဲအောင်မြင်မှာပါနော်
![](https://img.wattpad.com/cover/257037356-288-k72771.jpg)
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်
Arc(5.7)
Start from the beginning