🤍1🤍

355 52 15
                                        

"Yoonလေးရေ Papaပြန်လာပြီ..!"

အိမ်ရှေ့တံခါးဝမှာဖိနပ်ချွတ်ရင်း သမီးငယ်အားပြန်ရောက်ပြီဖြစ်ကြောင်း အော်ပြောလိုက်သည်။

"Papa!"

စက္ကန့်ပိုင်းအကြာတွင်တော့ကိုယ့်ခြေထောက်လေးတွေကိုဖက်တွယ်လာသော လက်သေးသေးလေးများနဲ့အတူ အပေါ်ကကိုယ့်ကိုမော့ကြည့်နေသော မျက်နှာသေးသေးလေးအား တွေ့လိုက်ရသည်။

လက်သေးသေးလေးများကိုဆန့်တန်းပေးတာကြောင့် စွေ့ခနဲကောက်ချီလိုက်ကာ ပါးဖောင်းဖောင်းလေးကိုဖိနမ်းလိုက်သည်။ဒါတွေဟာ ကိုယ်လုပ်နေကြအလုပ်တစ်ခုလိုပင်ဖြစ်နေလေပြီ။

"Papa!ဒီနေ့အလုပ်မှာအဆင်ပြေရဲ့လား ဟင်~"

ပွေ့ချီလိုက်တော့သမီးငယ်ဟာအသက်3နှစ်ဖြင့်မလိုက်ဖက်..လူကြီးဆန်စွာမေးလေသည်။

"အဆင်ပြေပါ့ဗျာ..!"

ထယ်ယောင်းတို့ရဲ့သားလေးနဲ့တွေ့ခဲ့တဲ့အကြောင်းကိုတော့ အဘယ်ကြောင့်မှန်းမသိ သူမပြောပြချင်ခဲ့ပါ။

"Yoonလေးရေ အိမ်မှာပျင်းနေသေးလား"

သမီးငယ်အားချီရင်းအိမ်ထဲသို့ဝင်လာရင်း မေးလိုက်သည်။

"ပျင်းပါဘူးPapaရဲ့ အဒေါ်ကြီးကYoonနဲ့ဆော့ပေးတယ်လေ ဟီးဟီး~"

ပါးစပ်လေးဖြဲပြီး ဟီးခနဲရယ်ပြတော့ ပေါ်လာသည့်ရှေ့သွားလေးနှစ်ချောင်း..!။
ဒီလိုချစ်စရာကောင်းတဲ့ကလေးလေးကို ဘယ်လိုစိတ်နဲ့များမိဘတွေက စွန့်ပစ်သွားပါလိမ့်.!။

"ဟုတ်ပါပြီဗျာ Yoonလေးမပျင်းဘူးဆိုပြီးတာပါပဲ.!"

ခဏနေတော့ ထမင်းတူတူစားကြသည်။
ထမင်းဝိုင်းလေးဟာ သားအဖနှစ်ယောက်ရဲ့စကားသံများဖြင့်ဝေဆာလျက်ပင်~။

•The Next Chapter Of Love•

အချိန်ရာသီတွေအလီလီပြောင်းခဲ့ပြီးချိန်မှာတော့....
အနည်းငယ်စောသေးသော မနက်ခင်းအချိန်ကြောင့် အိမ်ခြံဝန်းကျယ်ကျယ်ထဲကအိမ်လေးဟာ တိတ်ဆိတ်လျက်။

"Yoon!!ငါရောက်ပြီ!!"

ထိုတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့ ယောက်ျားငယ်တစ်ယောက်ရဲ့အသံ။
ထိုယောက်ျားငယ်ဟာ...Kim Seokjin တဲ့။

You've reached the end of published parts.

⏰ Last updated: Aug 08, 2022 ⏰

Add this story to your Library to get notified about new parts!

•The Next Chapter Of Love•Where stories live. Discover now