ဆောင်ဂျီအရှင့်စကားကြောင့် ထောင်းခနဲထွက်လာတဲ့ဒေါသတွေကိုမြိုချပြီး

" စိတ်ပူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အရှင်။ ဒါပေမယ့် ပြောလို့မရဘူးလေ အရှင့်အတွက်အသက်စွန့်မယ့်ကိုယ်ရံတော်က ကျွန်တော်မျိုးမရဲ့ခြေရင်းမှာခစားလာနိုင်တာဘဲ။အရှင်က ကျွန်တော်မျိုးမကို အထင်သေးလွန်းနေပါပြီ "

Yg: အဟက်....စိတ်ကူးဆိုတာ လူတိုင်းယဥ်ခွင့်ရှိပေမယ့် စိတ်ကူးတိုင်းကတော့အမှန်တကယ်ဖြစ်မလာနိုင်ဘူးလေ။ သတိတရားလေးနဲ့ ဆင်ခြင်နေပါ မိဖုရားကြီး။တချို့သူတွေက ကိုယ်နဲ့မတန်မရာကိုမှန်းပြီး မရရင်လည်းသွက်သွက်ခါအောင်ရူးသွားတတ်လို့

" တောက်စ်...

ဒီတစ်ခါတော့ ဆောင်ဂျီ စိတ်မထိန်းနိုင်တော့ဘဲ တောက်ခေါက်ကာ နေရာမှထွက်သွားတော့သည်။

-------------------------

" အား...ခွမ်း💢

ဒိုင်း💢

" စိတ်ထိန်းတော်မူပါဦး...မိဖုရားကြီး "

" တောက်စ်...ဒင်းလို ဝတ်ရုံလက်ပြတ်တစ်ယောက်ကများ ငါကိုရာရာစစ "

ခွမ်း💢

နန်းဆောင်ထဲမှာ ရှိသမျှပစ္စည်းတွေအကုန်ရိုက်ခွဲပြီး ပေါက်ကွဲနေတဲ့မိဖုရားကိုကြည့်ပြီး အထိန်းတော်ကြီးမှာ မနည်းလိုက်ထိန်းရေတယ်။

" အထိန်းတော်ကြီး....

" အမိန့်ရှိပါ မိဖုရားကြီး "

" သံတမန်ကို အမြန်ဆုံးဆက်သွယ်လိုက်။ "

" အမိန့်တော်အတိုင်းပါ "

" သြော်....ပြီးတော့ လက်ယာအမတ်ကြီးကိုလည်း မိဖုရားကအခေါ်တော်လွှတ်လိုက်တယ်လို့ပြောလိုက်ဦး "

" ကျွန်တော်မျိုးမ အခုဘဲဆောင်ရွက်လိုက်ပါမယ် "

" ဟား....ဟား...အခုဖြစ်လာမယ့်ပြဿနာတွေကို အရှင်ဘယ်လိုရင်ဆိုင်မလဲသိချင်ပါသေးတယ် "

-----------------------

( yg: လက်ယာအမတ်ကြီး..အင်း ထယ်ထယ် လက်ယာအမတ်ကြီးအကြောင်းကို ငါ့ကိုစုံစမ်းပေး

System 13 (season 2 ) (Completed)Where stories live. Discover now