တက္ကသိုလ်အရောက် နှစ်ယောက် ပြန်ပေါင်းဆုံပြီးနောက် ယွိမြောင် သူ့ခံစားချက်များကို ထားစရာမရှိတော့ပါ။
နောက်တစ်ကြိမ် ပြန်ဆုံရချိန် ပျော်ရွှင်လျက်ကပင် သစ္စာဖောက်ခံရသည့် ခံစားချက်တစ်ခုရှိနေသည်။
ဤနှစ်တွေအတွင်း သူ့ကိုယ်သူ တံခါးပိတ်ကာ မျက်နှာဖုံးတစ်ထပ်တပ်ထားရန် သင်ယူခဲ့ပါသည်။ သူ့ကိုယ်သူနှင့် သူ၏ခံစားချက်များကို ကောင်းကောင်းထိန်းသိမ်းခဲ့ပြီး ယခုထက်တိုင် သူ့ကို တစ်စုံတယောက်ကမျှ မနာကျင်စေခဲ့။
အဝေးတွင် နေချင်ပါလျက် စီကျွင်းဆီ သူ့ကိုယ်သူ ပေးပစ်မိနေဆဲဖြစ်ကြောင်း ယွိမြောင်တွေ့ခဲ့ရသည်။
သူ တစ်ဖက်သူကို ထပ်မံ တံခါးဖွင့်ပေးခဲ့ပေသိ နောင်တမရပါ။
အလုံးစုံ အခွင့်မပေး၍...
သူစွန့်ပစ်ခံရလျှင်ပင် နာကျင်မည်မဟုတ်ပါ။
စိတ်ထဲမှာ ထိုအတွေးများရှိနေရင်း
ယွိမြောင် သူ့ကိုယ်သူ ချုပ်တည်းထားခဲ့သည်။
ဤယနေ့တွင် အချစ်ခံရသည်မှာ ဘယ်လိုလဲဟု သူအတွေ့အကြုံရတော့မည်။ ကိုယ့်ကိုယ်ကိုယ် လှည့်စား၍ ရှင်သန်ရာကမ္ဘာငယ်ကလေး ဖန်းတီးရန်သာ သူတတ်နိုင်ပါသည်။
တစ်ကြိမ်တည်းသာ...မည်သို့ခံစားရမည်ကို သူသိချင်ခဲ့ခြင်း ဖြစ်ပါသည်။
တစ်ဖက်က တူညီစွာ မခံစားရလျှင်ပင် အဆင်ပြေသည်။
ယွိမြောင် ဟန်ဆောင်နေလိုက်ရုံ။
စီကျွင်းထွက်လာသည်နှင့်တစ်ပြိုင်နက်...ယွိမြောင် ချက်ချင်းဝင်၍တံခါးပိတ်လိုက်သည်။
သူ့ကိုယ်သူ သန့်ရှင်းရန် အချိန်ယူလိုက်သည်။
ဖြစ်လာမည့်အရာများအတွက် သူ့ကိုယ်သူ အပြည့်အဝပြင်ဆင်နေ၏။
သူ.. ခါးသွယ်သွယ်တွင် တပတ်တစ်ထည်သာပတ်၍ ရေချိုးခန်းမှ ထွက်ခဲ့သည်။
စီကျွင်းက ထိုသည်ကို မျှော်လင့်မထား...ဘောင်းဘီထဲက ရွက်ဖျင်တဲမှာ မိုးထိုးလာသည်။
ယွိမြောင် ခံစားချက်မဲ့မေးလိုက်သည်။
"ဘယ်လိုလုပ်ရမလဲ မင်းသိလို့လား?"
YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
Xi Jun x Yu Ming - Part III 🚨🚨
Start from the beginning
