ယွိမြောင် သူ့ကုတ်ကိုချွတ်၍ စီကျွင်းကို ရေချိုးခန်းထဲ တွန်းလွှတ်သည်။
"မင်း အရင်ချိုး၊ ပြီးမှ ငါချိုးမယ်"
တံခါးကိုပိတ်ပြီးနောက် ယွိမြောင် ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ခေါင်းကိုအုပ်ထားလိုက်သည်။
'ငါ ဘာတွေလုပ်နေတာလဲ?'
အတတ်နိုင်ဆုံး သူ့စိတ်သဘောကို စီကျွင်းမမြင်အောင်ကြိုးစားခဲ့သည်။ ထိုကောင့်ကို မြင်ခွင့်မပြုနိုင်။ ထို့အတွက် သူ မထူးခြားသလို သရုပ်ဆောင်ခဲ့သည်။ သို့သော် စက္ကန့်တိုင်းက သူ့အတွက်နာကျင်ရ၏။ သူ တကယ်ပဲ ဆက်ထိန်းနိုင်မှာလား?
နှစ်ယောက်ထဲတွင် စကားပြောဖြစ်အောင် တစ်ဖက်သတ်ကြိုးစားရသူမှာ စီကျွင်းပင်။
ယွိမြောင်တစ်ယောက် ဘယ်လောက်ပဲ မနှစ်မြို့၊ ရွံရှာသယောင် ဘယ်လိုပြုလိုက်ပါစေ..သူက သစ္စာရှိခွေးတစ်ကောင်လို ပြန်လာလိမ့်မည်။
ယွိမြောင်ဘက်က အကာအကွယ်တွေ ဘယ်မျှပဲ တည်ဆောက်ထားပါစေ..စီကျွင်းက တူးစရာလမ်းကို ရှာတွေ့မြဲ။
ယွိမြောင်မငြင်းနိုင်ပါ..ကာလတစ်ခုကြာပြီးနောက် တစ်ဖက်သူကို သူအတော်လေး သံယောဇဥ်တွယ်လာမိကြောင်း။
နေ့တိုင်း သူ ထိုတစ်ယောက်၏ နှုတ်ဆက်မှုကို မည်သို့တုန့်ပြန်ရမည်ကို အစီအစဥ်ဆွဲဖြစ်သည်။ ပြုံးနေစဥ်မှာပင် အမျိုးမျိုးသော စော်ကားမှုများကို အကြုံထုတ်နေခဲ့သည်။ 'ဒီနေ့တော့ ပြောင်စပ်စပ်သူ့မျက်ခွက်ကို သေချာပေါက် ဖျက်ပစ်မည်ဟု'တွက်ရင်း...။
သို့သော် ဘယ်အခါမျှ အလုပ်မဖြစ်ခဲ့ပါ။ စီကျွင်းက သူ့ကိုနှုတ်ဆက်ရင်း ပြုံးရွှင်နေဆဲပင်။
ထိုသည်မှာ ယွိမြောင်အတွက် ဘာကြောင့်မှန်းမသိ ပျော်စရာဂိမ်းတစ်ခုလိုဖြစ်လာခဲ့သည်။
ထိုဖြစ်ရပ်များမှာ အထက်တန်းကျောင်းတက်နေစဥ်အတွင်း သူတို့မခွဲခင်အချိန်အထိဖြစ်ကာ
နောက်ပိုင်းမှ ယွိမြောင် သူအလွန် သံယောဇဥ်တွယ်နေမိသည်ကို ရှာတွေ့ခဲ့ပါသည်။ သူက သူ့ရဲ့ပျော်ရွှင်မှုအတွက် တစ်ဖက်သူကို အလွန်အမှီပြုခဲ့ပြီး အထီးကျန်နာကျင်မှုကို နောက်တစ်ဖန် အမှန်အကန်ခံစားခဲ့ရသည်။
YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
Xi Jun x Yu Ming - Part III 🚨🚨
Start from the beginning
