Xi Jun x Yu Ming - Part III 🚨🚨

Começar do início
                                        

ယွိမြောင်က ခေါင်းပြန်လှည့်မလာသေး။
"မင်းစိတ်ပြောင်းသွားပြီလား? ယောက်ျားတစ်ယောက်နဲ့ အဲဒါလုပ်ဖို့ မင်းအတွက် အရမ်းရွံစရာကောင်းနေလား?"

"အာ..မဟုတ်ပါဘူး။ ငါ့ဆိုလိုတာက..မင်းသဘောတူမယ် မထင်ထားလို့ပါ"

ယွိမြောင်က ကုတင်မှာထိုင်နေပြီး မျက်နှာအမူအရာလုံးဝမရှိ။
"ဒါပေမဲ့ ငါတို့ ဒီမှာတော့ လုပ်လို့မရဘူး။ ဟိုတယ်သွားရမယ်"

ဤကနေ့ သူတို့ တစ်စုံတရာကြိုးစားမည်ဆိုလျှင် အန်းလျန် သို့မဟုတ် ကျန်းချန် တစ်ယောက်ယောက်ဝင်လာသည်နှင့် တိုးရန်အခွင့်အရေးများသည်။

စီကျွင်း ဆွံ့ အ နေသည်။
'သူ တကယ် ​သဘောတူလိုက်တာလား? ပြီးတော့ သူ့မျက်နှာက ဘာဖြစ်တာလဲ? အမူအရာလုံးဝမရှိဘူး? ဒါကို ပန်းခြံတစ်ခေါက် အလည်သွားသလိုမျိုး သဘောထားနေတာလား?'

"ငါ..ငါ..အဆင်သင့်လုပ်လိုက်မယ်"

ယွိမြောင်က နှုတ်ခမ်းမလှုပ်ဘဲ အင်းဟုသဘောတူလိုက်ပြီး သူ့ပစ္စည်းများလည်း အသင့်ပြင်သည်။
ခဏကြာပြီးနောက် နှစ်ယောက်သား အဆောင်မှ ထွက်ခဲ့ကြ၏။
တစ်ညတာခိုနားရာဟု သိထားသော အနီးနားရှိဟိုတယ်တစ်ခုဆီ သူတို့လျှောက်ခဲ့ရင်း စီကျွင်းမှာ စိတ်လှုပ်ရှားမှုရော ရင်ဖိုမှုပါခံစားနေရသည်။

စီကျွင်း ဦးနှောက်ခြောက်ခံ မတွေးဘဲမနေနိုင်။
'သူက ဘာလို့ မငြင်းဘဲ တန်းလက်ခံရတာလဲ? ပြီးတော့ အခြားနေ့တွေလိုမျိုး ဘာမှမထူးခြားသလိုလုပ်နေတယ်။ ဒါက သူ့အတွက် ပုံမှန်အဖြစ်အပျက်လား?'

လမ်း​လျှောက်နေသည့် တစ်​ချိန်လုံး သူက တစ်ဖက်သူကို မယုံသင်္ကာကြည့်နေသည်။ သတိမထားမိခင်မှာပင် သူတို့ ဟိုတယ်အခန်း၏ တံခါးဝသို့ရောက်လာပြီ။

လက်နှစ်ဖက်မှ ချွေးစေးများထွက်ကာ ရင်ခုန်ကြောက်ရွံ့ခြင်းက စီကျွင်း၏ တွေဝေသောစိတ်ကို နောက်ပြန်​ဆွဲသည်။ နှလုံခုန်နှုန်းနှင့် တုန့်ပြန်မှုကို တိုးပွားစေသည့် အက်ဒရက်နလင်းများ သူ့သွေးကြောတွေထဲ ဖြတ်စီးနေ၏။

'နေပါဦး ... ဒါ ငါ့ရဲ့ စစဦးဆုံးအကြိမ်မဟုတ်လား။ ငါ့မှာ ကောင်မလေးတစ်​ယောက်နဲ့မှတောင် မလုပ်​ဖူးသေးဘူး။ ဒါပေမဲ့...ဒါကို..
ထည့်မတွက်ပါဘူး နော်?'

🎉 Você terminou a leitura de ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့ 🎉
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Onde histórias criam vida. Descubra agora