ယွိမြောင်တအားရှက်သွားပြီး သူ့မျက်နှာကို စီကျွင်းထံမှလွှဲလိုက်သည်။
တကယ်တော့ သူထိုအရာတွေကိုသိသည်။
ယောက်ျားလေးနှစ်ယောက် ထိုဟာကိုလုပ်ခြင်း၊ သူ ကောင်းကောင်းသိတာပေါ့။ တကယ်က အစမ်းသဘောရည်ရွယ်ချက်ဖြင့် အကြိမ်အနည်းငယ်ပင် သူ့အောက်သူထိုးကြည့်ခဲ့သေးသည်။
"တကယ်တော့ ငါလည်းအဲဒါကို စမ်းကြည့်ချင်နေတာ"
စီကျွင်းကဆိုသည်။
ယွိမြောင်ဆီမှ တုန့်ပြန်မှု တစ်ခုမျှ ထွက်မလာရာ စီကျွင်းစတင်ပြီး ကြောက်စိတ်ဝင်လာသည်။
တစ်ဖက်သူ၏အမူအရာကိုကြည့်ရန် သူ့ ကိုယ်ကို လှည့်လိုက်သည်။ ဆဲရေးခြင်း ကြိမ်းမောင်းခြင်း တစ်စုံတရာမရှိရာ စီကျွင်းသည် တစ်ဖက်သူ၏ အကန့်အသတ်ကို အမှန်အကန်တွန်းပို့မိသွားပြီဟု အထင်ရောက်လာသည်။
ယွိမြောင်က သူ့အိပ်ယာတွင် လှဲနေရင်းက ပျဥ်ပြားကြီးတစ်ချပ်လို နံရံကိုမျက်နှာချင်းဆိုင်နေဆဲ။
စီကျွင်းမမြင်နိုင်သည်မှာ ယွိမြောင်၏မျက်နှာထက်က ပဋိပက္ခအမူအရာဖြစ်ပါသည်။
စီကျွင်း၏တောင်းဆိုမှုက သူ့စိတ်ကို တကယ်ပဲ ဖမ်းစားနိုင်၏။
တစ်ဖက်လူအပေါ် ဘယ်အချိန်ကစ၍ သူ့ခံစားချက်များ စတင်တိုးပွားလာသည် မသိပါ။
'စီကျွင်းက သိချင်စိတ်ကြောင့် အပျော်လုပ်ချင်တာ။ သဘောတူလိုက်ရင် ငါက တစ်ကိုယ်ကောင်းဆန်နေမလား? ငါ့ရဲ့ ကိုယ်ပိုင်စိတ်ကူးယဥ်မှုကိုပဲ ဒီအတိုင်း ပြည့်စေလိုက်ရမလား?
စီကျွင်းက ငါ့ကို တကယ်မှမချစ်ဘဲ။ စိတ်ဆင်းရဲစရာကောင်းလိုက်တာ'
ယွိမြောင်လည်း ထိုဟာကိုစမ်းသပ်ကြည့်ချင်သည်။
ယောက်ျားလေးနှစ်ယောက်အကြားက ဤကိစ္စကို သူ ယခင့်ယခင်ကတည်း သိထားသည်။
မိန်းကလေးများမှာ သူ၏ သဘာဝရန်သူဖြစ်ချေ၏။
'တစ်ခါပဲ.....အဲဒါက ဘာနဲ့တူလဲ ငါသိချင်လို့'
"အာ...ယွိမြောင်"
စီကျွင်း ခေါ်သည်။
"ငါတို့ လုပ်လို့ရတယ်"
ယွိမြောင်ပြောလိုက်၏။
စီကျွင်း မှင်တက်သွားသည်။
"ဟမ်?"
YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
Xi Jun x Yu Ming - Part III 🚨🚨
Start from the beginning
