Xi Jun x Yu Ming - Part III 🚨🚨

Mulai dari awal
                                        

'အမှန်ပဲဟ! ယောက်ျားလေးနှစ်ယောက် လုပ်လို့ရတယ်။ ဝို့..အဲဒါက တော်တော်လေး ကျုံ့နိုင်ဆန့်နိုင်မှန်း ငါမသိခဲ့ဘူး'

ဗီဒီယို အချို့ကြည့်ပြီးနောက် စီကျွင်း လုံးဝဆန္ဒပြင်းထန်လာသည်။
ဒီလိုမျိုးတွေကို ယွိမြောင်နှင့် ပြုလုပ်ဖို့ သူ စိတ်မကူးဘဲ မနေနိုင်ပါ။
ဗီဒီယိုထဲတွင် လုပ်နေသည့် သူတွေကို ကြည့်ရသည်မှာလည်း အလွန်ပျော်ရွှင်နေပုံရသည်။
သို့သော် တကယ်တမ်း..စီကျွင်းက ပေးမည့်သူ ဖြစ်လိမ့်မည်။
ယွိမြောင်၏ပစ္စည်း သူ့အထဲကိုထည့်လျှင်ဟူသည့်အတွေးက သူ့ကို အနည်းငယ်ကြောက်လန့်စေ၏။
သို့သော် ထူးထူးဆန်းဆန်းရင်ခုန်မိသည်။

စီကျွင်း အတွေးများကိုရှင်းပစ်ရန် ခေါင်းခါလိုက်သည်။

'ငါ ယွိမြောင်ကိုတောင် သဘောတူအောင်ဘယ်လိုလုပ်ရပါ့?'

သူ့စိတ်ကို ထိုအတွေးများ သိမ်းပိုက်ထားရာ အခန်းထဲတွင်အလွန်ကသိကအောက်ဖြစ်စရာများပေါ်လာသည်။

ယွိမြောင် ထိုကောင့်ကို တစ်ချက်ကြာကြာကြည့်ပြီး သူ့အိပ်ယာဆီလျှောက်သွားကာ လှဲလိုက်သည်။

ပထမက စီကျွင်း အခြားတစ်ယောက်ဆီတိုက်ရိုက်သွား၍ မေးချင်ခဲ့တာဖြစ်သည်။ သို့သော် အခုယွိမြောင်ရောက်လာရာ ခြေအေးခံစရာမလိုတော့ချေ။

စိတ်ရှုပ်ထွေးစွာဖြင့် စီကျွင်းကပြောသည်။
"ဟေး..မင်းသိလား ယွိမြောင်၊ ငါ ဒီနေ့ထူးဆန်းတာတစ်ခု ရှာတွေ့ခဲ့တယ်"

တုန့်ပြန်မှုမလာ။

"ငါ့သူငယ်ချင်းတွေ ဘေးမှာဟာသလုပ်နေကြတာ..ဒါပေမဲ့ နောက်ကျတော့ အခြားယောက်ျားတစ်ယောက်နဲ့ ဖင်ကို အဲဒါလုပ်တဲ့အကြောင်းထုတ်ပြောကြတယ်"

အစကတည်းက ဂရုတစိုက်နားထောင်နေသည့် ယွိမြောင်မှာ သူ့နှလုံးခုန်မြန်သွားတာကို ခံစားလိုက်ရသည်။

"ငါ အဲဒီအကြောင်းကို တစ်ခါမှမစဥ်းစားမိဘူး။ ဒါပေမဲ့ ကြည့်ရတာ တကယ်အလုပ်ဖြစ်ပုံပဲ"

အခန်းအတွင်း တိတ်ဆိတ်ခြင်းကကြီးစိုးနေ၏။

"ဟဟား..စဥ်းစားကြည့်စမ်း၊ ယောက်ျားလေးနှစ်ယောက်က အဲဒါကိုလုပ်တာ။ မထူးဆန်းဘူးလား?"

🎉 Kamu telah selesai membaca ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့ 🎉
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Tempat cerita menjadi hidup. Temukan sekarang