Xi Jun x Yu Ming - Part III 🚨🚨

Start from the beginning
                                        

စီကျွင်း ရုတ်တရက် အလွန်လန့်သွားခြင်းဖြစ်သည်။
"ယွိမြောင်"
သူ့ကိုယ်သူ ဆွဲထုတ်၍ တစ်ဖက်သူ၏ ကျောကလေးကို နူးနူးညံ့ညံ့ကိုင်တွယ်လိုက်၏။

ယွိမြောင် မတုန့်ပြန်။သူ့ ငိုရှိုက်မှုကလည်း စဲ၍လာ၏။

"ငါ..ငါ..တောင်းပန်ပါတယ်။ မင်းကို နာစေမိပြီလား?"

စီကျွင်းသည်လည်း ငိုချင်သလိုဖြစ်လာသည်။
"ငါ တောင်းပန်ပါတယ်။ ငါ မင်းကို နောက်တစ်ခါလုပ်ကြဖို့ မပြောတော့ပါဘူး။ ငါ..ငါထင်တာ..ငါတို့ရဲ့ခင်မင်မှုက ပိုအရေးကြီးပါတယ်။ ငါ မင်းကို နာမသွားစေချင်ပါဘူး"

စီကျွင်း ဆိုးဆိုးရွားရွားကြောက်စိတ်မွှန်နေသည်။ ယခုလို မိုက်မဲသည့် စိတ်ဝင်စားမှုတစ်ခုအတွက် သူနှင့်ယွိမြောင်၏ ခင်မင်မှုကို ဖျက်ဆီးမိသည့်အပေါ်လည်း မယုံကြည်နိုင်ပေ။
သူ တစ်ဖက်သူကို နာကျင်စေခဲ့သည်မှာ သိသာသည်။ သူ့ကို စိတ်မချသည်မှာ အံ့သြစရာမဟုတ်တော့။

"ယွိမြောင်...ကျေးဇူးပြုပြီး ငါ့ကိုမမုန်းပါနဲ့..နော်"

စီကျွင်း စိတ်ခြောက်ခြားလုနီး သူ့ကိုယ်သူခံစားနေရသည်ကို တွေ့သောကြောင့် ယွိမြောင် နောက်​ဆုံး ထုတ်ပြောလိုက်သည်။

"မင်း ငါ့ကို ကြိုက်လား?"

စီကျွင်းက ကောင်လေး၏ ကျောကို စိုက်ကြည့်နေသည်။
"ငါ ယွိမြောင်ကို ကြိုက်တာပေါ့။ ငါ့ကို အော်ရင်တောင် ကြိုက်နေသေးတယ်"

နောပ်ထပ် စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားသည်။

"ပြန်လာပေးလို့ ကျေးဇူး"

ဤသည်မှာ ပိုလေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း စီကျွင်းခံစားရသည်။

"ဒါပေါ့ ငါပြန်လာတယ်။ မင်းက ငါ့ type ပဲ မဟုတ်ဘူးလား?"

ယွိမြောင် ခေါင်းအနည်းငယ်လှည့်လာသည်။ ဤသည်ကို စီကျွင်းက ကောင်းသည့်တုန့်ပြန်မှုဟု မြင်၍ တစ်ဖက်သူကို နောက်ကနေ သိမ်းဖက်လိုက်သည်။ သူ့တစ်ကိုယ်လုံး ပို၍သေးသောကိုယ်လုံးလေးပေါ် ရောက်သွားသည်။

"မင်း နာကျင်ရရင် ငါ့ကိုပြောပြဖို့ လိုတယ်လေ။ အကုန်လုံးကို ခန့်မှန်းကြည့်ဖို့ကျ ငါ့အတွက် တကယ်ပဲခက်တယ်"

🎉 You've finished reading ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့ 🎉
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Where stories live. Discover now