"ကျွမ်းကျင်သူကြီး အခု ဘာလုပ်နေတာလဲ။"

နှစ်စက္ကန့်မျှ ခရုတစ်ကောင်လို နှေးကွေးပြီး နားမကြား၊ မျက်စိမှုန်နေသော အဘိုးအိုလီ တိတ်ဆိတ်သွားသည်။ ထို့နောက်မှာတော့ သူ သရဲလေးများ၏ နားကို ဖုံးပေးထားရင်း လေပွေးတစ်ခုလို နေရာမှ လစ်ထွက်သွားတော့သည်။

147.

သရဲလေးတစ်ကောင်က တံတားစောင့် ပို့ဆောင်ပေးရသူ သရဲအား မေးလိုက်သည်။ "ကျွမ်းကျင်သူရဲ့ သူငယ်ချင်းပြောတော့ သူစောင့်နေတဲ့သူက လက်ထပ်လို့ ကလေးတောင် ရနေပြီဆို။ ကြည့်ရတာ အဲ့ပုံစံလည်း မပေါ်ဘူး။"

ပို့ဆောင်ပေးရသူ သရဲက မျက်ဆန်လန်သွားသည်။ "ကမ္ဘာပေါ်မှာ နာမည်တူ၊ မျိုးရိုးတူတွေ ဘယ်လောက်တောင်များလဲ။ သူနဲ့ အဲ့ 'သူငယ်ချင်း'ဆိုတဲ့သူ အဲ့လောက် အကြာကြီး ဘာတွေပြောနေခဲ့တာလဲဆိုတာ ဘယ်သူက သိမှာလဲ။

148.

များမကြာခင်အချိန်အတွင်းမှာပဲ အဘိုးအိုလီ၏ ဇနီးဖြစ်သူက ငရဲလောကသို့ ရောက်ရှိလာခဲ့သည်။ သူရဲကောင်းဆန်ဆန် အရှိန်အဝါများနှင့် အဘွားအိုက အဝါရောင် နွေဦးလေးလမ်းတွင် မတ်တပ်ရပ်နေရင်း အော်ခေါ်လိုက်သည်။ ငါးမိုင်အတွင်းရှိနေသည့် သရဲများအကုန်လုံး ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားကြသည်။ အဘိုးအိုလီကတော့ သူမဘေးတွင် ရပ်နေရင်း သူမကို ကြည့်ရင်းသာ ပျော်ပျော်ရွှင်ရွှင် ပြုံးလျက်ရှိနေလေသည်။

သိပ်မကြာခင်မှပဲ အခွင့်အရေးက ကျရောက်လာခဲ့ပြီး သူတို့နှစ်ယောက်လုံးအတူ လူပြန်ဝင်စားဖို့ လုပ်လိုက်ကြသည်။

အဘိုးအိုလီ မရှိတော့တာမို့ ကျွန်တော် လုပ်စရာတစ်ခု လစ်ဟင်းသွားပေမယ့် ဆူးယွီ ရောက်ရှိလာခြင်းကြောင့် အရင်ကထက်တောင် ကျွန်တော် ပို၍ အလုပ်များလာတော့သည်။

နေ့တိုင်း ကျွန်တော် ဆူးယွီနှင့်အတူ မတူညီဆန်းသစ်သော ပုံစံမျိုးစံဖြင့် စွမ်းစွမ်းတမံတိုက်ခိုက်လေ့ရှိသည်။

ကျွန်တော့်ကို ငရဲပြည်က အရမ်းတန်ဖိုးထားလိမ့်မည်ဟု မမျှော်လင့်ထားမိ။ နေ့တိုင်း ကျွန်တော့်မှာ ဝက်ခြံအရှေ့မှာ ထိုင်ရင်း တိရိစ္ဆာန် မွေးမြူရေးများအကြောင်း ပို့ချပေးရသည်။ ကျွန်တော် ဆယ်နှစ်ကျော်မျှ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ကိုယ်ပိုင်စာအုပ်ပေါင်းများစွာလည်း ထုတ်ဝေပြီးနောက် တဖြည်းဖြည်း ဒီလုပ်ငန်းကြီး၏ ခေါင်းဆောင်ဖြစ်လာလေသည်။

Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事]Where stories live. Discover now