"ဒီလိုပါပဲ  ဖြေဆေးတွက် ဆိုတော့  နည်းနည်းလေး ပိုအပင်ပန်းခံလိုက်တာပါ မအောင်မြင်ခဲ့ပေမယ့် "

Charles  Zeroပြောတာကို သဘောပေါက်ပါတယ်။  ဒီတစ်လတွင်း  ဘယ်သူမှ မဖော်နိုင်တဲ့ ဖြေဆေး နှစ်မျိုး သုံးမျိုးကို Zero ကတော့  ဖော်စပ်နိုင်ခဲ့တယ်။ မအောင်မြင်ခဲ့ပေမယ့်  Zombie ဆဲလ်ကို  အနည်းငယ် ထိန်းချုပ်ပေးနိုင်လေတယ်။zombie ကိုက်ခံရပြီး zombie မဖြစ်သေးခင်  ထိုးလိုက်ရင်  zombie  ပိုးက ထပ်မပျံ့တော့ zombieမဖြစ်တော့ဘူး ဒါပေမယ့် ပိုးက လုံးဝသေမသွားပဲ ယာယီ ထိန်း သိမ်းချုပ်နှောင်ထားပေးတာဖြစ်တယ်။   ဒါကြောင့်  ဒီက ဆရာဝန်တွေနဲ့ သုတေသီတွေက Zeroကို  လေးစားကြလေတယ်။ 

Banတို့က နေ့လည်စာစားနေရင်း Zeroကို တွေ့ တော့  လှမ်းခေါ်လေတယ်။  Zeroလည်း ထိုဝိုင်းမှာပဲ ဝင်ထိုင်လိုက်ပြီး  Ren လာချပေးတဲ့  စားစရာတွေကို စားနေလိုက်တယ်။ အရသာက အရင်ကထက်  ထူးခြားနေတာကြောင့် Zero  အားရပါးရ စားမိတယ်။  ထိုအခါမှ  Charles  Banနဲ့  Ren  သက်ပြင်းချမိတော့တယ်။ 

"ကောင်းတယ်မလား  အရှေ့ တိုင်း ဘက်ကလာတဲ့ လူတွေဆီက  ဟင်းခပ်မှုန့်ကို သုံးထားတာလေ "

ဟင်းခပ်မှုန့်  ဆိုတာကြောင့်    Zero  အနည်းငယ် တွေးဝေသွားတယ်။  အရသာကောင်းမွန်ဖို့  ဟင်းခပ်အမွေးတွေကို သုံးတတ်ကြသလို  ဆေးတစ်ခု ဖြစ်ထွန်းလာဖို့  
ကောင်းမွန်သန့်စင်တဲ့  ပါဝင်ပစ္စည်း လိုအပ်လေတယ်။

"Om  My  God    thanks  Ren  ငါခု ဘာလုပ်ရမလဲ သိသွားပြီး စားစရာတွက်  ကျေးဇူး မသွားတော့မယ်"

ရုတ်တရက် ထကာ ထမင်းပန်းကန်ကိုပါ မသွားတဲ့  Zero ကြောင့် အားလုံး ကြောင်အသွားရင်းမှ  သူတို့ဟာ ခေါင်းခါရင်း ဆက်စားကြလေတော့တယ်။ 

"Ren  Zeroကို ဂရုစိုက်ပေးလိုက်ပါအုံး  ဒီတစ်ခါ ထွက်ရင်  တစ်လလောက်ကြာမယ် ထင်တယ်  စားစရာရဖို့ အတော် ခက်ခဲတယ်ဆေးပစ္စည်းတစ်ချို့ လည်း ရှာပေးရအုံးမှာ ဆိုတော့" 

"ကိစ္စမရှိပါဘူး   Zeroကို ငါစောင့်ရှောက်နိုင်ပါတယ်   ညနေတော့ Alexကို သွားကြည့်အုံးမယ် မလား"

"အင်း  သွားနူတ်ဆက်အုံးမယ်လေ  "

Iven တစ်ယောက်   Zeroရဲ့   ထူးချွန်မှုကြောင့်   သဘောကျမိတယ်။  Alex ဟာ သူရဲ့ ခေါင်းဆောင်လည်း ဖြစ်သလို  စီနီယာလည်း ဟုတ်ပေတယ်။  Alex  ကို သူအထက်တန်းထဲက ချစ်ခဲ့တာဖြစ်ပေမယ့်   ကြောက်တာကြောင့် ဖွင့်မပြောပါ။  Zeroကို  သူသဘောကျပေမယ့်  တစ်ဖက်ကလည်း  မုန်းတယ်လေ။  Alex  ဆီက Zero အကြောင်း အများကြီး ကြားဖူးခဲ့တယ်ထိုအချိန်တိုင်း  သူဟာ Zeroကို သေအောင်မုန်းလေတယ်။သို့သော် သူဟာ အချစ်တစ်ခုတွက်  ထင်ရာစိုင်းမည့်သူမဟုတ် ဒီလိုအချိန်မျိုးမှာ Zeroဟာ  တန်ဖိုးကြီးတဲ့လူဆိုတာ  သူသိပြီဖြစ်တယ်။  သူထင်တယ်  Zeroဟာ  Alexနဲ့ အလိုက်ဖက်ဆုံးသူ  ဆိုတာ။ 

Meeting   Ultimate  Gods  System(completed)Where stories live. Discover now