EP 30 Final

2.3K 73 47
                                    

"ကို..ကို တော်ပါ..တော့ အေးနေပြီ ဂစ် ဂစ်...."

  နှုတ်ခမ်းတွေပြာနှမ်းပြီး မေးတွေပါခိုက်နေတဲ့အရေပြားအပြာရောင်နဲ့ကောင်လေးကို တပတ်အကြီးကြီးနဲ့ပတ်ပြီးစွေ့ခနဲပွေ့ချီကာခြေလှမ်းကြဲကြီးတွေနဲ့ရေချိုးခန်းထဲကနေအမြန်ထွက်လာလိုက်သည်။

  "အင်း အင်း ကိုကို အေး အေးတယ်...."

  "အင်း ကိုယ်သိတယ် ခဏလေးအင်္ကျီဝတ်ပေးမယ်..."

  မှူးခေါင်နွေးထွေးမှုအများဆုံးပေးနိုင်မည့်အင်္ကျီကို ဘီရိုထဲခေါင်းစိုက်ရှာနေရသည်။အနည်းငယ်ထူထဲပြီး ပျော့အိနေသည့်ပိုးသားညဝတ်တစ်ထည်ကိုတွေ့တော့မှ ဝမ်းသာအားရနဲ့ဆွဲထုတ်ကာ ကုတင်ပေါ်ကတုန်ခိုက်နေမည့်အကောင်ပေါက်လေးကိုဝတ်ပေးရန်လှည့်ကြည့်လိုက်တယ်...

   "အက္ခရာ.. "

   တပတ်အဖြူကြီးနဲ့ထုတ်ထားသည့်အကောင်ပေါက်လေးမှာ သူတင်ထားခဲ့သည့်နေရာတွင်မရှိတော့။ရေချိုးခန်းထဲများရှိမလားကြည့်ပြန်တော့လဲ ဗလာ။အဖြူရောင်ကောင်လေးဘယ်ရောက်သွားပါလိမ့်။ခြေထောက်နာနေတာကို လျှောက်သွားနေပြန်ပြီ ....

   ခွမ်!!!ခွမ် ခွမ် ခွမ်!!

   အပြင်ဘက်က တစ်ခုခုပြုတ်ကျသံကြောင့် အမြန်ထွက်ကြည့်တော့ ရေခဲသေတ္တာထဲခေါင်းစိုက်နေသည့်ကောင်လေး။အေးတယ်ဆိုပြီးဘယ်လိုလုပ်ရေခဲသေတ္တာထဲခေါင်းစိုက်နေနိုင်တာလဲ...

   "အက္ခရာ...အက္ခရာအင်္ကျီဝတ်မယ်လေ ကလေးလေး..."

  မှူးခေါင်ရဲ့အသံကိုကြားမှ ခေါင်လေးကတဖြည်းဖြည်းလှည့်လာသည်။ပြီးမှတပတ်ခြုံထားတဲ့ခန္ဓာကိုယ်ကလှည့်လာသည်။ကောင်းလေစွ တပတ်ကအနောက်ပိုင်းကိုကောင်းကောင်းလုံပေမဲ့ အရှေ့ပိုင်းမှာတော့ ပုခုံးနှစ်ဖက်ကလွဲလျှင်ကျန်တာအလှူပေးထားလေသည်။

  မျက်ဝန်းနီနီလေးတွေမှေးမှိတ်သွားအောင် ရယ်ပြကာ နောက်ကျောမှာကွယ်ထားသောလက်နှစ်ဖက်ကိုမြှောက်ပြတော့ ပုခုံးပေါ်ကတပတ်ကလေးမှာ ပလုံဆိုပြီးလျောကျသွားလေသည်။လက်နှစ်ဖက်တွင် spyနှစ်လုံးကိုင်ထားပြီး မြှောက်ပြနေချင်းဖြစ်သည်။

LOVE WARNING ⚠️[Complete]Where stories live. Discover now