ဟူး!
အိမ်မက်ထဲထိလိုက်နှောင့်ယှက်နေတဲ့ မျက်ရည်ဝေနေတဲ့မျက်ဝန်းနီနီတစ်စုံ။အိမ်မက်ထဲမှာတစ်ညလုံးနီးပါး မျက်ဝန်းတစ်စုံနဲ့နပန်းလုံးနေရတာမို့ အိပ်ရေးမဝခြင်းများစွာနဲ့မလန်းဆန်းစွာနိုးထခဲ့ရတဲ့မနက်ခင်း..
ဒီမျက်ဝန်းလှလှလေးထဲမှာ မျက်ရည်တွေကိုမြင်နေရတာတကယ်အဆင်မပြေဘူး။ဘာလို့လဲ?။
မနေ့က မှူးခေါင်အေးအေးဆေးဆေးစာလုပ်ချင်တာမို့ သူစာလုပ်နေကြ စာကြည့်တိုက်အဟောင်းဘက်ကိုသွားခဲ့တယ်။အဲ့ဒီ့ဘက်က လူသွားလူလာမရှိတာမို့အေးဆေးငြိမ်းချမ်းပြီး သူ့အတွက်တကယ့်နိဗ္ဗာန်ဘုံပဲ...
စာကြည့်တိုက်နားရောက်တော့မောပန်းစွာအသက်ရှုနေသံကြောင့် ကျောင်းသားတွေမဟုတ်တာလာလုပ်နေတယ်ထင်ပြီး ပြန်လှည့်ထွက်မည်အပြုတွင်
"ကျစ် အနိုင်ကျင့်နေကြတာလားမသိဘူး..အသက်ရှုသံတွေကမမှန်ဘူး "
တစ်ခုခုဆိုရင်ကူညီရမယ်ဆိုတဲ့စိတ်နဲ့ ပြန်လှည့်လာပြီးcorridorအကွေ့ကနေ ခေါင်းလေးပဲထွက်ပြီးကြည့်လိုက်သည်။
"ဟင် "
ဒူးကိုလက်နှစ်ချောင်းနှင့်ပိုက်ကာ ခေါင်းမှောက်ထားသူတစ်ယောက်။ဆံပင်နီနီနဲ့ဆိုတော့ ဟိုသောက်ကလေးလေးပဲ။သူ့ကိုရဲစခန်းပို့တဲ့ကောင်လေး။ရဲစခန်းထိရောက်သွားလို့ အဖေ့လက်သီးတစ်ချက်စားခဲ့ရသည်ကို သတိရပြီး နည်းနည်းပါးပါးLessonပေးရန် ခြေလှမ်းကိုခပ်ဖွဖွလှမ်းလာလိုက်သည်။
'ဒီကောင် ဒီကိုလာပြီးဘာလာလုပ်တာလဲ'
ဒူးကိုပိုက်ထားတဲ့လက်ဖြူဖြူလေးတွင် ချွေးစလေးများကပ်ညှိနေပြီးအနည်းငယ်တုန်ရင်နေသည်။ခေါင်းမှောက်နေတာကြောင့် ဂုတ်သားဖြူကြည်ကြည်ကလဲ ထင်းနေသည်။ရွှေရောင်မွှေးညင်းလေးတွေနှင့်ဂုတ်သားလေးကို အနီးကပ်ရွေ့ကြည့်ရင်း နားနားကိုကပ်ပြီး
"ငါ့ကိုရဲစခန်းထိပို့ထားတဲ့ကောင်လေး လုပ်ချင်တာလုပ်ပြီး ပေါ်မလာဘူး တွေ့မယ့်တွေ့တော့လဲ လူရှင်းတဲ့နေရာမှာမှတွေ့တယ်..lessonပေးရမဲ့အချိန်ရောက်ပြီထင်တယ်.. "
![](https://img.wattpad.com/cover/249991461-288-k470684.jpg)
YOU ARE READING
LOVE WARNING ⚠️[Complete]
Romance[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိုပျော်ရွှင်ရင်ကိုရပါပြီ။ ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိ...