"ဝိုးးး ကျောင်းဝတ်စုံနဲ့လိုက်တဲ့ဘဲတစ်ပွေထပ်တွေ့ပြန်ပြီဟေ့..."
"ဟေး ကောင်မရေ ဟိုမှာကြည့်စမ်း အိုက်ယားးး ငါ့အသည်းကိုနတ်ပူးသွားသလိုပဲ.."
"အားးးး ငါသေပြီ ငါသေပြီ သူ့အစောကငါ့ကိုကြည့်လိုက်တယ်"
"မျက်လုံးတွေလှလိုက်တာ မျက်ကပ်မှန်တပ်ထားတားလားဟာ တကယ့်နတ်သားလေးပဲ "
"ကျောင်းတက်ရတာ သိပ်တန်တာပဲ ဒီလိုချောချောလေးကိုနေ့တိုင်းတွေ့ရမယ်ဆို တစ်သက်လုံးကျောင်းတက်ဆိုလဲ ငါလေးကကြည်ကြည်ဖြူဖြူနဲ့တက်မှာ"
"သူ့ဘေးက ဘယ်သူလဲဟ နံပါတ်ကြီးနဲ့တော့မဟုတ်လောက်ပါဘူး အင်း သူလေးက ငါ့အတွက်မို့ ဘေးကတစ်ယောက်က သူငယ်ချင်းနေမှာပါ.."
"အေးလေ သူငယ်ချင်းပဲနေမှာပါ ဘဲလေးကအရမ်းချောလွန်းတယ် ထိုင်ကြည့်ရရင် ထမင်းစားဖို့တောင်မေ့မှာသေချာ.."
မနေ့က ကူးကူးမလာတာကြောင့် ပတ္တမြားဆောင်ကနေပဲ လှည့်ပြန်ခဲ့သည်။ယနေ့တော့ ဘေးနားကမြောက်ကြွမြောက်ကြွနဲ့မျောက်မလေးပါလာပြီမို့ ကျောင်းထဲလျှောက်ပတ်ကြည့်နေမိသည်။ဒီကလူတွေက လူသစ်ဆိုအဲ့လိုကြည့်ကြတာလားမသိဘူး။အက္ခရာကို အရောင်တဖိတ်ဖိတ်လက်နေတဲ့မျက်လုံးတွေနဲ့ ဝါးစားမတက်ကြည့်နေကြတယ်။
"ဂူးငယ် နင်ကတော့ ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ လူထုရဲ့စိတ်ဝင်စားခြင်းကိုခံနေရပြီ ဟီဟီ..."
"အဲ့တော့ ငါကဘာလုပ်ရမှာလဲ.."
"ငါရေမွှေးကုန်တော့မှာ အဲ့တာတစ်ပုလင်းလောက်ထပ်ပေးပါဦးလို့..."
"....."
"နော်လို့.. ဂူဂူးလေး ဒီကအမျိုးတော်ရမယ့်နင့်အကိုရဲ့ဇနီးလောင်းလေးကို ရေမွှေးလေးတောင်မပေးချင်ဘူးလားဟာ ...…"
ကူးကူးမကို သူအမိမြေပြန်တဲ့အချိန် အက္ခရာကိုယ်တိုင်ပြုလုပ်တဲ့ရေမွှေးလေးတစ်ဘူး လက်ဆောင်ပေးလိုက်မိတယ်။အဲ့ကတည်းက သူ့ဘာသာကိုဝယ်မသုံးတော့ဘူး။အက္ခရာဆီကပဲ အချောင်လာလာနှိုက်တော့တယ်။
"ဝယ်လေ ငါတောင်ကိုယ်ပိုင်brandအနေနဲ့ထုတ်မလို့ ...နင်ကဈေးဦးပေါက်ဝယ်သုံးပါ့လား 50%လျှော့ပေးမယ်လေ..."
![](https://img.wattpad.com/cover/249991461-288-k470684.jpg)
YOU ARE READING
LOVE WARNING ⚠️[Complete]
רומנטיקה[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိုပျော်ရွှင်ရင်ကိုရပါပြီ။ ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိ...