139.

ဆူးယွီ လူ့လောကမှာ နောက်ထပ် ဆယ်နှစ်မျှ ထပ်နေပြီးမှ အလုပ်လုပ်နေစဉ်အတွင်း လဲကျဆုံးပါးသွားခဲ့သည်။

သူ စွန့်ခွါခဲ့သည့်အချိန်သည် သူ့ဘဝ၏ ထွန်းတောက်မှုအမြင့်ဆုံးအချိန်ဖြစ်ပြီး သူ့အလုပ်အကိုင်လမ်းကြောင်းတွင်လည်း ရွှေလမ်း၊ ငွေလမ်းများ ပေါ်ထွန်းနေချိန်ဖြစ်သည်။ မရေမတွက်နိုင်တဲ့ လူများစွာက ဒီဆယ်နှစ်အတွင်း မှတ်တမ်းတင်ဖွယ် အောင်မြင်မှုများကို ဆွတ်ခူးသွားခဲ့သည့် ပြောင်မြောက်လှတဲ့ကောင်လေး အလုပ်ဖိလုပ်ရင်း သေသွားခဲ့တာကို ပြောမဆုံး ဝမ်နည်းမဆုံး ဖြစ်နေကြသည်။

သို့ပေမယ့် ဘယ်သူမှ မသိလိုက်သည်က သူ လဲကျသွားသည့်အချိန် ပြုံးလျက်ရှိနေခဲ့သည်ဆိုတာကိုပင်။

အစောပိုင်းနှစ်တွေမှာတော့ သူ အလုပ် ပြန်ဝင်ခဲ့သည်။ သို့ပေမယ့် သူ့အချိန်တော်တော်များများကို ကမ္ဘာအနှံ့လည်ပတ်ရင်းနှင့်သာ ကုန်ဆုံးခဲ့သည်။ ဂီတတူရိယာများကို လေ့လာသင်ယူလိုက်၊ စာအုပ်များစွာကို ဖတ်ရှုလိုက်ဖြင့်။

ဘယ်သူမှ မသိခဲ့တာကတော့ သူသွားခဲ့တဲ့ နေရာများ၊ သူ ဖတ်ခဲ့သည့် စာအုပ်များ၊ သူ လေ့လာသင်ယူခဲ့သည့် ဝါသနာများ၊ အရာရာက သူ့ဘဝထဲသို့ ဝင်ရောက်လာခဲ့ဖူးသည့် အရေးအကြီးဆုံး လူတစ်ယောက်၏ အဖြစ်ချင်ခဲ့ဆုံး ဆန္ဒများဆိုတာကိုပင်။

သူက ထိုလူသား သူ့ဘေးမှာ ရှိနေသလိုမျိုး ထိုလူ့တစ်ယောက်တည်းအတွက်သာ နေထိုင်လိုခဲ့သည်။

ဖြစ်ချင်တော့ ထိုလူသားက တကယ်ကို ရည်မှန်းချက်မရှိ နေထိုင်နေတာဖြစ်ပြီး သူ ဖြစ်ချင်ခဲ့သည့် ဆန္ဒများကလည်း ခြေသည်းခွံလောက်သာ ကြီးမားသည်။ ထို့ကြောင့်မို့လည်း အချိန်အများကြီး မကုန်ဆုံးနိုင်သေးခင်မှာပဲ အကုန်ဖြည့်စည်းလို့ ပြီးသွားခဲ့သည်။

ထို့ကြောင့် သူ အလုပ်ခွင်ကို ပြန်ဝင်ခဲ့ပြီး သူ လုပ်စရာရှိသည်များကို လုပ်ကာ သူ့ဘဝရဲ့ တာဝန်များကို ဖြည့်စည်းရင်း သူ့ကိုယ်သူ လုံလောက်ပြီဟု ခံစားရသည်အထိ နေထိုင်ခဲ့သည်။

Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事]Where stories live. Discover now