အဲ့တုန်းက ပထမဦးဆုံး ဒယ်ဒီ့ဆီက "မင်းက ကရအောင် အခြောက်လား."ဟု ပြောခဲ့တုန်းက သျှမ် စိတ်နာလွန်းလို့ အကိုဆက်ပိုင်နဲ့ တွဲပြခဲ့ဖူးသည်..။ဒါကလည်း မာမီထောင်တဲ့ပြဿနာ.. အောင်သွယ်တော်လုပ်ခဲ့သည့် မာမီ့ကြောင့်.. အင်း ထားလေတော့.. အခုတော့ သျှမ်ဘယ်သူနဲ့တွဲတွဲ လက်ခံပေးသည့် မိဘနှစ်ပါးကြောင့် သျှမ်စိတ်ချမ်းသာရလေသည်..။
"ဟေ့ သျှမ်.."
စိုးသူရ ရဲ့ အော်ခေါ်သံကြောင့် သျှမ် အတန်းထဲပြန်ဝင်လာခဲ့တော့လေသည်..။
"ဘာလဲ.."
"မင်းဘာရပ်လုပ်နေတာလဲ မင်းအစား ခြေထောက်တွေတောက်ညောင်းလာလို့ လှမ်းခေါ်လိုက်တာ.."
"အရူးကောင်..."
"အာ.. ဒါနဲ့ မင်းသိလား... ဆက်ပိုင်လေ..."
သျှမ့်မျက်နှာ ပျက်ထွက်သွားသလို စိုးသူရမျက်နှာကလည်း ပြောသင့်မပြောသင့်ချိန်နေသယောင်...
"ပြော..ပြဿနာမရှိဘူး.."
သျှမ်က စကားတည့်ပေးမှ စိုးသူရမျက်နှာက ငြိမ်သွားလေသည်..နို့မို့ဆို ဒီကောင်က အားနာတက်တော့ တော်ရုံနဲ့ပြောထွက်မည့်သူမဟုတ်..
"တကယ်တော့ မနက်က ဆက်ပိုင် လာသွားတယ်ဟ.. "
"အာ့တာ ဘာဖြစ်လဲ အထူးအစမ်းမှတ်လို့.."
"အေး အဲ့စောက်ရူးကောင်က ဘာပြောသွားတယ်မှတ်လဲ.."
"ဘာပြောသွားလို့လဲ.."
သျှမ်က မျက်မှောင်ကြုတ်ခါ မေးလေတော့ စိုးသူရ အာလေးလျှာလေးနှင့်ပြန်ဖြေသည်..။
"မင်းကို မစွန့်လွှတ်နိုင်ဘူးတဲ့လေ.. သူ့မှာ ခေါင်းခဲရတယ်တဲ့..ငုဝါကိုခဏတာ စိတ်ကစားတာတဲ့လေ..ပြီးတော့ သူ့ကို အသက်ပေးကယ်ခဲ့တဲ့ မင်းကို လုံးဝလက်လွှတ်မခံချင်ပါဘူးတဲ့.."
"ဟား.... ဒီကောင် တကယ်လည်းဉာဏ်များတယ်ကောင်.. သူပျက်ချင်တိုင်းပျက်ပြီးမှ အခုပြန်လာဆက်လို့ရမလား.. ငါ့မှာလည်း ငါ့မာနနဲ့ငါဘဲ..နေပါစေအုံး ငါနဲ့တွေ့မယ်"
"ငါ သူ့ကို အော်ထုတ်ပစ်လိုက်တယ်ကွ.. "
"ကောင်းတယ်.."
အပိုင်း (၃)
Start from the beginning