ကျွန်တော့်ကောင်လေးရဲ့ရွာ
အပိုင်း ၈
🍉🍉🍉🍉🍉🍉🍉"ဟူးး စိုက်ခင်းလေးကသာ ဘာမှမဟုတ်တာ ပင်ပန်းရောကွာ ကျစ် ဟိုကောင်တွေကလည်း မလာကြသေးဘူးးဟူးး"
ဇွဲရန်ခန့်ကို တစ်ယောက် သူ့အမေရဲ့ စိုက်ခင်းထဲမာ တခြားအလုပ်သမားတွေနဲ့အတူ အလုပ်လုပ်ပြီး မောလို့ခနထိုင်နားနေရင်း တစ်ယောက်တည်းပြောနေလေသည်။
"အေးသွားတာဘဲကွာလေလေးက ဟူးးး"
ရုတ်တရပ်လေပြေ တစ်ခုက ဝှေ့တိုက်သွားလေသည်။
"ဟူးးး ဆိုပြီး သက်ပျင်းတွေချနေပါလား ဟင် ရန်ခန့်"
ရုတ်တရပ်အနားကိုရောက်လာတဲ့ စစ်မာန်မခ ကိူ ဇွဲရန်ခန့် သေချာကြည့်လိုက်ပြီး
"သက်ပျင်းချရယ်လို့တော့မဟုတ်ပါဘူးဗျာ နည်းနည်းပင်ပန်းလို့ရယ် ဟီးး ဒါနဲ့ ကိုခ ကရော ဒီကို ဘယ်လိုရောက်လာ"
စစ်မာန်မခလည်း ဇွဲရန်ခန့်ကို နားကပ်ထိုင်လိုက်ပြီး
"အမယ် အမေ့အလုပ်ဆိုတော့ လုပ်ပေးရမာပေါ့ ရန်ခန့်ရဲ့"
"ဟီး ဟုတ်ကဲ့ဗျ"
အတန်ကြာတဲ့အထိ နစ်ဦးသား ငြိမ်နေပြီးမှ
"ကိုခက ဒီကို ဘာလို့ရောက်လာတာလည်း "
"အင်းး ကိုခ ဘာလို့ဒိီကိုလာလည်းဆိုတော့ "
စပြောတော့ စစ်မာန်မခကို ဇွဲရန်ခန့်ကို သေချာကြည့်နေလေသည်။
ပုဆိုးအနက်ဆင်းလေး နဲ့ တီရှပ်အနက်လေးကိုတွဲဝတ်ထားတဲ့ ကိုခက ဇွဲရန်ခန့် မျက်လုံးထဲမာတော့ ကြည့်လိူ့ကောင်းနေလေသည်။
"ကိုခအမေက နောက်အိမ်ထောင်ပြုတော့မာလေ အဲ့ဒါ ကိုခလည်း မနေချင်တာနဲ့ အဒေါ်ဆီလာနေတာ စိတ်ပြေလက်ပျောက်ပေါ့ကွာ ""အော် ဒါဆို ဒီမာနေတာကြာအုံးမာလားဗျ"
"အရင်ကတော့ ခနဘဲနေပြီး ပြင်ဦးလွင်ပြန်မလို့ အခုတော့ ကြာကြာနေဖြစ်မယ်ထင်ပါတယ်
YOU ARE READING
ကျွန်တော့်ကောင်လေးရဲ့ရွာ
Romanceရွာကျော် ကောင်ဆိုးလေးကိူ ထိန်းကျောင်းပေမဲ့ သူပါလိူက်ပေါမိသွားတဲ့ စစ်မာန်မခ။