ကျွန်တော့်ကောင်လေးရဲ့ရွာ
အပိုင်း ၉
🍉🍉🍉🍉🍉🍉🍉"သီတင်းကျွတ်ရောက်တော့မာဆိုတော့ ကိုခ အမေဆီပြန်မာလား"
နေ့လည်ဘက်ပျင်းပျင်းရှိတာနဲ့ စိုက်ခင်းဆီကိုရောက်လာပြီး ထိုင်နေတဲ့ မခကို ရန်ခန့်မေးလိုက်တော့ မခလည်းပြုံးပြပြီး
"အင်းးပြန်ကန်တော့ မလို့လေ အဲ့မာတော့ပြန်မနေပါဘူး ပြန်လာမာ ဒီကို "
"အမေနဲ့အဆင်ပြေအောင်နေတာမဟုတ်ဘူး ကိုခရာ"
"ကိုက အဆင်ပြေအောင်နေပါတယ် အမေက သာ ကိုခနဲ့အဆင်ပြေဖို့မကြိုးစားတာ "
ဟိုးအဝေးတစ်နေရာကို လှမ်းကြည့်ရင်းပြောလိုက်တဲ့မခ။
"အ ဟင် ရန်ခန့်"
"ဗျာ အကို"
မခတစ်ယောက် အဝေးကိုလှမ်းကြည့်နေတုန်း သူ့ပါးကို လက်နဲ့ထိသလိူခံစားလိုက်ရတော့ ရန်ခန့်ဘက်ကိုလှည့်ကာ ခေါ်လိုက်တော့
"အကို့ပါးကို မင်းထိတာလား"
"ဗျာ မထိပါဘူး ကိူခ ဘာလို့လဲ"
"အင်းး ပါးကိုလက်နဲ့လာထိသလိုခံစားလိုက်ရလို့ စိတ်ထင်တာနေမာပါ "
မခလည်း ရန်ခန့်ကို မေးပေမဲ့ တကယ်မလုပ်ပုံပေါ်တာကြောင့် ငြိမ်နေလိုက်လေသည်။
သူတို့ကို နောက်ကနေကြည့်နေတဲ့ အရိပ်အယောင်လေးတစ်ခုကိုတော့ သူတို့မသိကြပေ။
"အဒေါ် ကျွန်တော် အပြီးပြန်တာမဟုတ်ဘူးနော် ပြနမလာနေမာ "
"အမလေး တစ်သက်လုံး နေလည်း ဒေါ်လေးက ဘာမှမပြောဘူး စိတ်ရှိတိုင်းသာနေ"
မခတစ်ယောက် ပြန်ဖို့ ပြင်ဆင်နေတုန်း သူ့အဒေါ်ကိုပြောနေလေသည်။
"ကိုခ "
"ဟိုမာ လာပါပြီတော့် မင်းရဲ့အမွှေစိန် "
ရန်ခန့် ညနေဘက်ကြီးရောက်ချလာတော့ မခရဲ့အဒေါ်လည်း ပြုံးပြီးပြောတော့ မခလည်း ရီမိလေသည်။
ВЫ ЧИТАЕТЕ
ကျွန်တော့်ကောင်လေးရဲ့ရွာ
Любовные романыရွာကျော် ကောင်ဆိုးလေးကိူ ထိန်းကျောင်းပေမဲ့ သူပါလိူက်ပေါမိသွားတဲ့ စစ်မာန်မခ။